အဆုတ်ကို သန့်စင်စေမည့် သဘာဝ Detox ဖျော်ရည်များ

PAN ၏ ကျန်းမာရေးကဏ္ဍ

       သံပုရာ၊ ဂျင်း၊ နဲ့ ငရုတ်ကောင်းလက်ဖက် ရည်ဟာ သင့်လည်ချောင်း နာတာကို ပြေလျော့စေရုံသာမက အဆုတ်ကျန်းမာရေးကိုလည်း သက် သာစေပါတယ်။ ဒီလက်ဖက်ရည်မှာ ပါဝင်တဲ့ အရာတွေအားလုံးဟာ ဇီဝကမ္မဖြစ်စဉ်နဲ့ အစာခြေစနစ်ကို မြှင့်တင်ပေးတဲ့အပြင် antioxidants ဓာတ်တွေပါ ပါဝင်တာကြောင့် အဆိပ် အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

      ပန်းသီး၊ မုန်လာဥနီနဲ့ နိုကိုဥ Smoothie က အမျှင်ဓာတ်နဲ့ ဗီတာမင် C ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ လေထုညစ်ညမ်းမှုကို တိုက်ဖျက်ပေးပြီး ပန်းနာရင် ကျပ်ရောဂါမှလည်း ကာကွယ်ပေးပါတယ်။ ၎င်းသည် အသက်ရှူ လမ်းကြောင်းကို သန့်စင်စေပြီး အဆုတ်ကိုလည်း ကျန်းမာစေပါတယ်။

       နနွင်းဂျင်းဖျော်ရည်ဟာ curcumin နဲ့ antioxidant ဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ကင်ဆာရောဂါကို ဆန့်ကျင်ခြင်းနဲ့ အဆိပ်အတောက်များကို ဆန့်ကျင်ပေးပါတယ်။ အဆုတ် ကျန်းမာရေးကိုလည်း မြှင့်တင်ပေးပြီး လေထုညစ်ညမ်းမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေကနေလည်း ကာကွယ်ပေးပါတယ်။

       ပျားရည်နဲ့ ရေနွေးပူပူ အတူ သောက်ခြင်းဟာ ခန္ဓာကိုယ်ကို ဖရီးရယ်ဒီကယ်များမှ ကာကွယ်ပေးပြီး လေထုညစ်ညမ်းမှုကိုလည်း တိုက်ဖျက်ပေးပါတယ်။ ပျားရည်ရဲ့ anti inflammatory က ရောင်ရမ်းမှုတွေကို သက်သာ စေပါတယ်။

        Mulethi လက်ဖက်ရည်က ချောင်းဆိုးခြင်းနဲ့ အအေးမိခြင်းကို ကုသရာမှာ လူအသိများပြီး လည် ချောင်းကိုလည်း သန့်ရှင်းစေပါတယ်။ Mulethi ကို ပုံမှန်စားသုံးခြင်းက နှလုံးရောဂါခံစားရနိုင်ခြေကိုလည်း လျော့နည်းစေနိုင်တယ်လို့ သိရပါတယ်။

#PAN