အယ်လ်နာဆာလူငယ်အသင်းနဲ့ စာချုပ်ချုပ်လိုက်တဲ့ ဂျူနီယာ ရိုနယ်ဒို

အောက်တိုဘာ ၂၁

       ခရစ္စတီယာနို ရိုနယ်ဒိုရဲ့သား ဂျုနီယာ ခရစ္စတီယာနို က အယ်လ်နာဆာအယ်လ်နာဆာ ယူ-၁၃ အသင်းနဲ့ စာချုပ်ချုပ်လိုက်ပါပြီး ကျောနံပါတ် (၇)ကို ဝတ်ဆင်ကစားမှာ ဖြစ်ပါတယ်။

        အယ်လ်နာဆာကို ရိုနယ်ဒို ရောက်ရှိလာပြီးနောက် ဂျူနီယာ ခရစ္စတီယာနို လည်း အကယ်ဒမီအသင်းမှာ လေ့ကျင့်ခန်းဆင်းနေတာဖြစ်ရာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ဂျူနီယာ က အယ်လ်နာဆာ ယူ-၁၃ အသင်းနဲ့ တရားဝင် စာချုပ်ချုပ်ဆိုခဲ့တာပါ။

       ဂျူနီယာ ရဲ့ အမြင့်ဆုံးအိပ်မက်က သူ့အဖေနဲ့ တစ်သင်းတည်းအတူကစားခွင့် ရချင်တာပါပဲ။ ဂျူနီယာ က ရီးယဲလ်၊ ဂျူဗင်တပ်စ်၊ မန်ယူနိုက်တက် အကယ် ဒမီတွေမှာ ဘောလုံးပညာဆည်းပူးရင်း သူ့အဖေလို ဘဝမျိုး ဖြစ်အောင် မျှော်လင့်တည်ဆောက်နေပါတယ်။

#PAN