ဂါဇာကမ်းမြောင်သို့ လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရန် အစ္စရေးအစိုးရ ခွင့်ပြု

အောက်တိုဘာ ၂၀

       လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူ အညီများပေးအပ်မည့် အဖွဲ့အစည်းများကို အီဂျစ်နိုင်ငံမှတစ်ဆင့် ဂါဇာကမ်းမြောင်သို့ ဝင်ရောက်ခွင့်ပြုမည်ဟု အစ္စရေးအစိုးရက ယမန်နေ့တွင် ပြောကြားသည်။

        ဂါဇာကမ်းမြောင်တောင်ပိုင်းတွင်ရှိသော အရပ် သားများအတွက် စားရေရိက္ခာ၊ ရေနှင့် ဆေးဝါးများ ပေပို့မည့်အစီအစဉ်ကို အစ္စရေးအစိုးရက တားဆီးမည်မဟုတ်ကြောင်း ယမန်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

       သို့သော် ပါလက်စတိုင်း အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်သို့ မည်သည့် ထောက်ပံ့ရေးပစ္စည်းမျှ ပေးပို့ခွင့်မပြုကြောင်း အစ္စရေးအစိုးရက ကြေ ညာချက်တွင် ဖော်ပြထားသည်။

       ဝန်ကြီးချုပ် နေတန်ယာဟုနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ တွေ့ဆုံပြီးနောက် အဆိုပါထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

       လူသားချင်း စာနာထောက်ထားမှု အကူအညီများ တင်ဆောင်လာသည့် ထရပ်ကားအစီး ၂၀ ကို နယ်စပ်ဖြတ်ကျော်ခွင့်ပြုရန် အီဂျစ်သမ္မတ အယ်လ်စီစီက သဘောတူခဲ့ကြောင်း ဂျိုးဘိုင်ဒင်က
သတင်းထောက်များကို ပြောကြားသည်။

       အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများ အတွင်း ဂါဇာကမ်းမြောင်ဒေသတွင် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အခြေအနေများ ပိုမိုဆိုးရွားလာသဖြင့် ဂါဇာကမ်းမြောင်တစ်လျှောက် ပြည်သူတစ်သန်းခန့် အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်ဟု ကုလသမဂ္ဂအေဂျင်စီတစ်ခုက ခန့်မှန်းပြောကြားသည်။

       အစ္စရေးနှင့် ဟားမတ်စ်တို့ကြား တိုက်ပွဲများ ကြောင့် လူပေါင်း ၄၈၀၀ ကျော်သေဆုံးခဲ့သည်။