ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗရော့စ် မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်မည်

အောက်တိုဘာ ၁၇

       ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗရော့စ် သည် မြောက်ကိုရီးယားနိုင်ငံသို့ အောက်တိုဘာ ၁၈ ရက်မှစတင်၍ နှစ်ရက်ကြာ အလည်အပတ်ခရီး သွားရောက်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြား ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားသည်။ ယခု လက်ဗရော့စ်၏ခရီးစဉ်သည် ရုရှားသမ္မတ ပူတင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့အကြား ပြီးခဲ့သည့်လအတွင်း ကျင်းပခဲ့သည့် ထိပ်သီးဆွေးနွေးပွဲတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘော တူညီချက်များရရှိခဲ့ပြီးနောက် သွားရောက်မည့်ခရီးစဉ်ဖြစ်သည်။

       လက်ဗရော့စ်သည် ခရီးစဉ်အတွင်း ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံများအကြား စီးပွားရေးနှင့် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးမည်ဖြစ်သည်။

       မြောက်ကိုရီးယားနိုင်ငံ၏ ဖိတ်ခေါ်မှုကြောင့် လက်ဗရော့စ်လာရောက်လည်ပတ်ခြင်း ဖြစ် ကြောင်း မြောက်ကိုရီးယား ကေစီအင်န်အေသတင်းဌာနက ပြောကြားသည်။ ယခုလ နှောင်းပိုင်းတွင် စစ်ဘက်ထောက်လှမ်းရေးဂြိုဟ်တုကို မြောက်ကိုရီးယားက လွှတ်တင်ရေး ဆောင်ရွက်မည်ဟု သိရသည်။ မြောက်ကိုရီးယားသည် ၎င်း ဂြိုဟ်တု များ လွှတ်တင်ရေးအတွက် နည်းပညာ အကူအညီကို ရုရှားနိုင်ငံမှ ရယူမည်ဖြစ်ကြောင်း တောင်ကိုရီးယား မီဒီယာများက ပြောကြားသည်။