မလေးရှားနိုင်ငံ၏ စက်တင်ဘာလအတွင်း မော် တော်ယာဉ်ရောင်းချရမှု စံချိန်တင်လျော့ကျ

အောက်တိုဘာ ၁၇

       မလေးရှားနိုင်ငံ၏ စက်တင်ဘာလအတွင်း မော် တော်ယာဉ်ရောင်းချရမှုသည် စံချိန်တင်လျော့ကျမှုရှိခဲ့ကြောင်း ဒေသတွင်းမော်တော် ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုက ပြောကြားသည်။

       မလေးရှားနိုင်ငံ၏ မော်တော်ယာဉ်ရောင်းချရမှုသည် ယခုနှစ် ဩဂုတ်လအတွင်းက အစီးရေ
၇၂၈၀၉ စီးရှိခဲ့ရာမှ စက်တင်ဘာလတွင် ၆၈၁၅၆ စီးရှိခဲ့ခြင်းကြောင့် ၆ ဒသမ ၄ ရာခိုင်နှုန်း လျော့ ကျမှုရှိခဲ့ကြောင်း မလေးရှားနိုင်ငံ ကားထုတ်လုပ်ရောင်းချရေးအသင်းက အောက်တိုဘာ ၁၆ ရက်တွင် ပြောကြား သည်။

       သို့ရာတွင် ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက မလေးရှားနိုင်ငံ၏ မော်တော်ယာဉ်ရောင်းချရမှုသည် ၄ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်မှုရှိခဲ့ကြောင်း သိရသည်။ မလေးရှားနိုင်ငံ ၏ မော်တော်ယာဉ်ရောင်း ချရမှုသည် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း အစီးရေ ၅၇၁၇၆၇ စီးရှိကြောင်းနှင့် ၂၀၂၂ ခုနှစ် အလား တူ ကာလအတွင်းက ၅၁၄၄၄၉ စီးရှိခြင်းကြောင့် ၁၁ ရာခိုင်နှုန်း မြင့်တက်မှုရှိခဲ့ကြောင်းသိရသည်။

      ထို့ပြင် မလေးရှားနိုင်ငံ၏ မော်တော်ယာဉ်ထုတ် လုပ်မှုသည်လည်း ယခုနှစ် ဩဂုတ်လအတွင်းက အစီးရေ ၆၇၉၁၂ စီးထုတ်လုပ်နိုင်ခဲ့ရာမှ စက်တင်ဘာလတွင် အစီးရေ ၆၉၁၃၃ စီးထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

#PAN