ငါန်းဇွန်မြို့နယ်တွင် သာမန်ပြည်သူ ဇနီးမောင်နှံ နှစ်ဦး ဒလန်ဟုသော စွပ်စွဲချက်ဖြင့် သတ်ဖြတ်ခံရ

အောက်တိုဘာ ၁၅

       မန္တလေးတိုင်းဒေသကြီး၊ငါန်းဇွန်မြို့နယ်၊ဆင်ဖြူကုန်းကျေးရွာ(ခ)တလင်းကုန်းကျေးရွာနေ ဦးမိုးကြည်၊ ၄၉နှစ်၊(ဘ)ဦးထွန်းရီ၊တောင်သူနှင့် ဇနီးဖြစ်သူ ဒေါ်နုလှိုင်၊ ၅၃နှစ်၊(ဘ) ဦးအေးမောင် တို့ ၂ဦးကို အကြမ်း ဖက်သမားများက ယနေ့ နံနက်ပိုင်းတွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
       ဖြစ်စဉ်မှာ ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က အကြမ်းဖက်သမား PDF ၈ ဦးသည် ဆိုင်ကယ် ၄ စီးဖြင့် ကျေးရွာ၏အနောက်ဘက်မှ လက်နက်အရှည်များကိုင်ဆောင်၍ ရောက်ရှိလာပြီး ဦးမိုးကြည်၏ နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ဦးမိုးကြည်နှင့်ဇနီးဖြစ်သူ ဒေါ်နုလှိုင်တို့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ကျေးရွာအနာက်ဘက်သို့ ပြန် လည်ထွက်ခွာသွားကြောင်းနှင့် အခင်းဖြစ်နေရာအနီး မှ အမ်-၂၂ ကျည်ခွံ ၄ ခု သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။

        ” သူတို့က ရိုးရိုးသာမန်ပြည်သူတွေပါဘဲ၊ ဘယ်ပါတီဝင်၊ ဝန်းရံသူတွေမဟုတ်ကြဘူး၊ ဒါပေမဲ့ လုံခြုံ ရေးစစ်ကြောင်း ကျေးရွာအတွင်းမှာ အခြေ ပြုတဲ့အခါ လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ ပြောဆို ဆက်ဆံမှုတွေ ရှိတာကို PDF တွေက ဒလန်လို့စွပ်စွဲပြီး သတ်တာပါ ” အဆို ပါကျေးရွာနေ ရွာသားတစ်ဦးက ပြောပြလာသည်။

       သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးမိုးကြည်တွင် ဦးခေါင်းနောက်စေ့ဖောက်ဝင် ယာ-ပါးဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲ-လက်မောင်းဖောက်ဝင်/ဖောက်ထွက် ဒဏ်ရာ ၁ ချက်၊ယာ-ရင်အုံ ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် လည်းကောင်း၊ဇနီးဖြစ်သူ ဒေါ်နုလှိုင် တွင် ဝဲ-နံအောက်ဖောက်ဝင် ဝဲ-ကျောဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲ-လက်ဖျံ ဖောက်ဝင်/ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ယာ-ရင်အုံ ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် လည်းကောင်း  သေဆုံးခဲ့ကြောင်း သတင်းရရှိပါ သည်။

#PAN