ဂါဇာကမ်းမြောင်ဒေသ၌ မြေပြင်စစ်ဆင်ရေးအခြေအနေ မြင့်တက်လာနိုင်ဖွယ်ရှိသည့်အပေါ် စိုးရိမ်မှုများ မြင့်တက်

အောက်တိုဘာ ၁၅

        အစ္စရေးက ဂါဇာကမ်းမြောင်ဒေသ၌ နေထိုင်သူ များအား ၂၄ နာရီကြာ ရွှေ့ပြောင်းရေးကာလ ပြီးဆုံး သည်ဟု ကြေညာပြီးနောက် မြေပြင်စစ်ဆင်ရေးအခြေအနေ မြင့်တက်လာနိုင်ဖွယ်ရှိသည့်အပေါ် စိုးရိမ် မှုများ မြင့်တက်လျက်ရှိသည်။

      အစ္စရေးနှင့် ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့
ဟားမတ်စ်တို့ကြား စစ်ဆင်ရေးဆင်နွှဲမှုများသည်
အောက်တိုဘာ ၁၄ ရက်တွင် ရှစ်ရက်မြောက်နေ့သို့
ဝင်ရောက်လာခဲ့ပြီဖြစ်သည်။

ရွှေ့ပြောင်းသင့်

        ဂါဇာကမ်းမြောင်ဒေသ၏ မြောက်ဘက်ပိုင်းတွင် နေထိုင်သူများကို ၂၄ နာရီအတွင်း သို့မဟုတ် အောက် တိုဘာ ၁၃ ရက်တစ်ရက်တာအတွင်း တောင်ပိုင်းဒေသသို့ရွှေ့ပြောင်းသင့်ကြောင်း အစ္စရေးတပ်မတော်က အောက်တိုဘာ ၁၂ ရက်တွင် ကုလသမဂ္ဂထံသို့ အကြောင်းကြားစာပေးပို့ခဲ့ကြောင်း သိရသည်။

       သို့သော် အစ္စရေးလေကြောင်းတိုက်ခိုက်မှု
ကြောင့်ဟု ယူဆရသည့် ပေါက်ကွဲသံများနှင့်အတူ
အဆိုပါ ဧရိယာအတွင်း တိုက်ခိုက်မှုများ ဆက် လက် ဖြစ်ပွားနေပုံကို မှတ်တမ်းတင်ဗီဒီယိုများတွင် ကြည့်ရှုနိုင်သည်။

       ဟားမတ်စ်သည် အစ္စရေး၏ ဘေးကင်းရေး သတိ ပေးချက်ကို အကြမ်းဖက်မှုဖြင့် တုံ့ပြန်ခဲ့ကြောင်းနှင့် အစ္စရေးလေတပ်စခန်းနှင့် ၎င်း၏ အကြီးဆုံး စီးပွား ရေးမြို့တော် Tel Aviv ကို ဒုံး ကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အောက် တိုဘာ ၁၃ ရက်တွင် အစ္စရေးတပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

        ယခုစစ်ဆင်ရေးဆင်နွှဲခြင်းသည် အနည်း ငယ်သာဖြစ်ပြီး ၎င်း၏တပ်ဖွဲ့ဝင်များက ဟားမတ်စ်များကို ဖျက်ဆီးပစ်တော့မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီး ချုပ် နေတန်ရာဟုက ပြောကြားသည်။

        အစ္စရေးသည် မြေပြင်ထိုးစစ်အပါအဝင် အကြီးစားစစ်ဆင်ရေးဆင်နွှဲရန်အတွက် ပြင်ဆင်နေဖွယ်ရှိသည်။ ဂါဇာကမ်းမြောင်ဒေသတွင် နေ ထိုင်သူ ၁ ဒသမ ၁ သန်းခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ညွှန်ကြားထားကြောင်း ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ၎င်း၏အင်တာနက် စာမျက်နှာတွင် အောက် တိုဘာ ၁၃ ရက်က မှတ်ချက်ပြုရေးသားထားကြောင်း သိရသည်။

#PAN