သာစည်မြို့နယ်အတွင်း တပ်ထောက်ခံသူ၊ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ ရွာခွဲအုပ်ချုပ်ရေးမှုးတစ်ဦး လယ်တောမှအပြန် သတ်ဖြတ်ခံရ

အောက်တိုဘာ ၁၄

     မန္တ​လေးတိုင်းဒေသကြီး၊သာစည်မြို့နယ်၊အလည်ကန်ကျေးရွာအုပ်စု၊သန်းတောကျေးရွာနေ ရွာခွဲအုပ်ချုပ်ရေးမှုး ဦးကျောက်ခဲ၊၅၈နှစ် ကို အကြမ်းဖက် PDF များက ယနေ့ နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

       ဖြစ်စဥ်မှာ ဦးကျောက်ခဲ သည် ၎င်းပိုင်လယ် တောမှအပြန် နေအိမ်အနီးအရောက် နံနက် ၈ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် သေနတ်အတို၊အရှည်များ ကိုင်ဆောင်ထားသည့် အကြမ်းဖက်သမား PDF ၇ ဦးခန့်က သေ နတ်ဖြင့် ပစ်ခတ်ပြီး ထွက်ခွာသွားကြရာ ဦးကျောက်ခဲမှာ သေနတ်ထိမှန် ဒဏ် ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခြင်း ဖြစ်သည်။

      သေဆုံးသူ ဦးကျောက်ခဲ သည် တပ်ထောက်ခံသူ၊ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ တစ်ဦးဖြစ်ခြင်း ကြောင့် အကြမ်းဖက် PDF များက ” ငါ့နဲ့မတူ ငါ့ရန်သူ ” ဟုသော အကြမ်းဖက်ဝါဒအရ ယခုလို သတ်ဖြတ်ခြင်းဖြစ်သည်ဟု ဒေသခံရွာသားများ ၏ ပြောပြချက်အရ သိရပါသည်။

#PAN