အာရှဖလား ဖူဆယ်ခြေစစ်ပွဲတွင် မြန်မာအသင်း နိုင်ပွဲဆက်

အောက်တိုဘာ ၁၀

      ၂ဝ၂၄ အာရှဖလား ဖူဆယ်ခြေစစ်ပွဲ အုပ်စု (E)ဒုတိယနေ့ကို အောက်တိုဘာ ၉ ရက်က တာဂျစ်ကစ္စတန်နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာ အသင်း နိုင်ပွဲဆက်ခဲ့သည်။

       မြန်မာအသင်းသည် အိန္ဒိယအသင်းနှင့် တွေ့ ဆုံခဲ့ပြီး ငါးဂိုး – နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းအတွက် အနိုင်ဂိုးများကို မျိုးသက်အောင်က နှစ်ဂိုး၊ သိုင်းဘွဲ့အောင်နှင့် လှိုင်မင်းထွန်းတို့က တစ်ဂိုးစီသွင်းယူပြီး ကျန်တစ်ဂိုးမှာမူ အိန္ဒိယကစားသမား ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့ခြင်းဖြစ် သည်။

       မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ်
အောက်တိုဘာ ၁၁ ရက်တွင် အိမ်ရှင် တာဂျစ်ကစ္စတန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ခြေစစ်ပွဲကို အုပ်စုရှစ်ခုခွဲ၍ ကျင်းပနေပြီး ထိပ်ဆုံးရှစ်သင်းနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံးခုနစ်သင်း စုစုပေါင်း ၁၅ သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။

#PAN