ခေါင်းကိုက်ကျေးရွာသို့အထွက် ကျွဲကောရွာသစ်ကုန်းကျေးရွာအနီး နယ်မြေရှင်းလင်းရေးစစ်ကြောင်းနှင့် အကြမ်းဖက် KIA/PDF အဖွဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွား

အောက်တိုဘာ ၁၀

ယမန်နေ့ ကျွဲကောကြီးကျေးရွာမှ ခေါင်းကိုက်ကျေးရွာသို့အထွက် ကျွဲကောရွာသစ်ကုန်းတွင် KIA/PDFနှင့် နယ်မြေရှင်းလင်းရေးစစ်ကြောင်းအဖွဲ့တို့ နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်မှ ည ၁၀ နာရီအချိန်ခန့်အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဥ်မှာ PDF များသည် အောက်တိုဘာ ၈ ရက်နေ့တွင် ဗန်းမောက်ချောင်းတစ်ဖက်ကမ်းမှနေ၍ ကျွဲကောကြီးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဘုန်းတော်ကြီးကျောင်း မုဒ်ဦးနှင့် အရှေ့ဘက်ကမ်းရှိ လူနေအိမ်များ ပျက်ဆီးခဲ့ရကြောင်း သိရှိရပါသည်။ ကျွဲကောကြီးကျေးရွာနှင့် ခေါင်းကိုက်ကျေးရွာလမ်ဆုံတွင် အကြမ်းဖက်သမားများက ဂိတ်ဖွင့်ကာ ဆပ်ကြေးကောက် ကြီးစိုး‌နေသောကြောင့် တပ်မတော်မှ သွားရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ပထမပိုင်းတွင် အကြမ်းဖက် PDF များသည် ဂိတ်စောင့်အင်အား ၁၅ ဦးခန့်သာရှိပြီး တပ်မတော်စစ်‌ကြောင်း
လာသည်ကို ကြိုသိနေ၍ ကလပ်‌ကျေးရွာနှင့်‌‌ နောင်မီး‌ကျေးရွာတွင် စခန်းချနေထိုင်သော ကချင် KIA ဦးဆောင်ကာ မြေက်ပိုင်း PDF များနှင့် ပူးတွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ယနေ့ နံနက်ပိုင်းတွင် ခေါင်းကိုက်ကျေးရွာတွင် တစ်အိမ်လျှင်ဆန် ၁ပြည် ငွေ ၂ ထောင်ကျပ်ကောက်ခံနေပြီး ထည့်ဝင်မှု မရှိတဲ့အိမ်ကို သတင်းပို့ရန် KIA ခေါင်းဆောင်က အမိန့်ပေးထားကြောင်း ၊ တိုက်ပွဲသို့ ကျွန်းကုန်း PDF များ အင်အား ထပ်ရောက်လာသဖြင့် ရိက္ခာကောက်ခံခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရပါသည်။

မြောက်ပိုင်း မံထုံဒေသစိတ်တွင် ကျေးရွာပေါင်း ၂၄ ရွာရှိပြီး PDF အင်အား အများဆုံးမှာ မံထုံ၊ ကလပ်၊ နောင်မှီ၊ ပန်းတော၊ ကျွန်းကုန်းကျေးရွာများမှာ အများဆုံးဖြစ်ကြောင်း သိရှိရပါသည်။

၎င်းအကြမ်းဖက် PDF များမှာ မြို့ပေါ်ရှိ “ပန်းပျိုးလက်”ကိုယ်ပိုင် အထက်တန်ကျောင်းမှ တာဝန်ခံကျောင်းအုပ် ကြည်လင်း၏ တပည့်များဖြစ်ကြောင်းသိရှိရသလို ကြည်လင်းသည် ၈၈ အရေးအခင်းနောက်ပိုင်းမှ ကျွန်းကုန်းကျေးရွာသို့ ရောက်ရှိလာသော မူလတန်းကျောင်းဆရာထွက်တစ်ဦးဖြစ်ပြီး မြောက်ပိုင်း PDF စုစုပေါင်းခန့်မှန်အင်အားမှာ ၅၀ ဦး ခန့်သာ ရှိကြောင်း သိရှိရပါသည်။