လူမှုကွန်ယက် စာမျက်နှာများနှင့် အင်တာနက် Website များတွင် ၅၀ ကျပ် (ငါးဆယ်ကျပ်) နှင့် ၁၀၀ ကျပ် (တစ်ရာကျပ်)တန် ငွေစက္ကူများနှင့် ပတ်သက်သည့် ကောလဟလများ မဟုတ်မမှန်ကြောင်း ဗဟိုဘဏ်က သတင်းထုတ်ပြန်

စက်တင်ဘာ ၃၀

     ယနေ့ လူမှုကွန်ယက် စာမျက်နှာများနှင့် အင်တာနက် Website များတွင် ဖြန့်ဝေနေသော ၅၀ ကျပ် (ငါးဆယ်ကျပ်) နှင့် ၁၀၀ ကျပ် (တစ်ရာကျပ်)တန် ငွေစက္ကူများကို ရုပ်သိမ်းကြောင်း
တရားဝင်ငွေအဖြစ်မှ ရပ်ဆဲကြောင်း ထုတ်ပြန်ချက်များသည် မဟုတ်မမှန်သော သတင်းမှားများသာ ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာနိင်ငံတော်ဗဟိုဘဏ် (Central Bank Of Myanma)က ယနေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်ထားပါသည်။

      အဆိုပါ ထုတ်ပြန်ချက်တွင်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆(င)အရ “နိုင်ငံတော်သည် တရားဝင် ထုတ်ဝေထားသော ငွေကြေးကို တရား မဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြု” ဟု အတိအလင်း ဖော်ပြထားပြီးဖြစ်ကြောင်း၊ ကဲ့သို့ အများပြည်သူ၏ အကျိုးစီးပွားကို ထိခိုက်ပျက် စီးစေရန် သတင်းမှားများ ဖြန့်ဝေသူများကို ဥပဒေပြဌာန်းချက်များနှင့်အညီ ဖော်ထုတ်အရေး ယူပြီး ထိရောက်ဟန့်တားသော ပြစ်ဒဏ်များ ချမှတ်နိုင်ရန် တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

#PAN