ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၁၆ ခုနှစ်နောက်ပိုင်း ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူ ပထမဆုံးတွေ့ရှိ

စက်တင်ဘာ ၂၅

      ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၁၆ ခုနှစ်နောက် ပိုင်း ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူ ပထမဆုံးတွေ့ရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန် ကြီးဌာနက ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

       ကမ်ပေါင်သွမ် ပြည်နယ်အလယ်ပိုင်းမှ အသက် ခုနစ်နှစ်အရွယ် မိန်းကလေးသည် ဘာရေဆန်တက်ခ်ရီဖာရယ်ဆေးရုံ၌ သွေးလွန်တုပ် ကွေးဟု သံသယရှိ၍ ဆေးဝါးကုသမှုခံယူခဲ့သည်။ စက်တင်ဘာ ၂၁ ရက် စမ်းသပ်မှုရလဒ်အရ ၎င်းသည် ဇီကာဗိုင်းရပ်စ် ကူးစက်ခံထား
ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

        ဇီကာဗိုင်းရပ်စ်သည် အေဒီးစ် ခြင်မျိုးစိတ်များမှ အဓိကကူးစက်သည့် ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး လိင်ဆက်ဆံမှု၊ သွေးသွင်းခြင်းနှင့် မွေးရာပါမိခင်မှ ကလေးသို့လည်း ကူးစက်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

       ဇီကာဗိုင်းရပ်စ်ကူးစက်ခံရမှု၏ ရောဂါလက္ခ ဏာများတွင် အဖျားတက်ခြင်း၊ခေါင်းကိုက်ခြင်း၊ အဖု အပိမ့်များထွက်ခြင်း၊ မျက်လုံးနီခြင်းနှင့် အဆစ် အမျက်ကိုက်ခဲခြင်းတို့ ပါဝင်ပြီး လူနာအများစုမှာ သေဆုံးနှုန်း အလွန်နည်းသောကြောင့် နှစ်ရက်မှ ခုနစ်ရက်အတွင်း ပြန်လည်သက်သာလာကြောင်း ၎င်းကဆိုသည်။

       သို့သော် ဗိုင်းရပ်စ်သည် ကိုယ်ဝန်ဆောင်မိခင်များထံ ကူးစက်ပါက သားအိမ်အတွင်းရှိ ကလေးငယ်များ သေဆုံးသည်အထိ ဖြစ်စေနိုင်ကြောင်း သိရသည်။

Source; Xinhua

#PAN