စစ်တွေမြို့တွင် ALP ပါတီမှ ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦးကို အမည်မသိလက်နက်ကိုင် အကြမ်းဖက်သမား ၄ ဦးကဓားဖြင့်ထိုး၊ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

စက်တင်ဘာ ၁၅

       ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှ ဗိုလ်မှူးအဆင့်ရှိသူ ခိုင်စိုးလွင်(ကိုယ်ရေးအချက် အလက်-စိစစ်ဆဲ)နှင့် အမည်(စိစစ်ဆဲ)တို့သည် နံပါတ်မပါ CANDA -125 အနီ/အနက်ရောင် ဆိုင်ကယ်ဖြင့် စစ်တွေမြို့၊ ကျေးပင်ကြီးရပ်ကွက်၊ ဗောဓိလမ်းတွင် လက်နက်ကိုင် (စိစစ်ဆဲ)၊ ခေါင်းဆောင်(စိစစ်ဆဲ) အင်အား ၄ ဦးခန့်မှ လိုက်လံ၍ ဓားဖြင့်ထိုးခြင်း၊ သေနတ် (အမျိုးအစား စိစစ်ဆဲ)တို့ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

       ထိုသို့  ဓားဖြင့်ထိုးခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ALP ပါတီမှ ဗိုလ်မှူးအဆင့်ရှိသူ ခိုင်စိုးလွင် တွင် ယာဘက်နံစောင်းထိုးသွင်းဒဏ် ရာ ၁ ချက်၊ ယာဘက်ရင်အုံထိုးသွင်းဒဏ်ရာ ၂ ချက်၊ ယာဘက် လက်မောင်းထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာလည်ပင်းထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဘယ်ဘက်နို့အုံ အထက်ထိုးသွင်းဒဏ်ရာ ၁ ချက်၊ဘယ်ညှပ်ရိုးအထက်ထိုးသွင်းဒဏ်ရာ ၁ ချက်၊ယာပါးထိုးသွင်း ဒဏ်ရာ ၁ ချက်၊ ယာနဖူးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိပါသည်။

      အလားတူ  ALP ၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်၊ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်အဆင့်ရှိ ခိုင်စိုးမြနှင့်တပ်မှူးနှစ်ဦးတို့ကို ရခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)မှ အကြမ်းဖက်သမားများက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် စစ်တွေမြို့ပေါ်၌ လက်နက် ငယ်ဖြင့် ပစ်ခတ်သတ် ဖြတ်ခဲ့သည်။ ထို့အတူ ဇူလိုင်လ ၁ ရက်နေ့တွင် ALP ပါတီမှ ဒုဥက္ကဌ ခိုင်နေကျော်၊ တပ်ရင်းမှူးအဆင့်ရှိ ခိုင်ကျော်မင်း တို့ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဥ်ကို ဦးစီး ခေါင်းဆောင်၊ အင် အား(စိစစ်ဆဲ) အမည်မသိလက်နက်ကိုင်အဖွဲ့က စစ်တွေတက္ကသိုလ်ရှေ့တွင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဒုဥက္ကဌ ခိုင်နေကျော်ပါ ၃ ဦး သေဆုံးခဲ့ကြောင်း သိရပါသည်။

#PAN