ငါန်းဇွန်မြို့နယ်၊နတ်ကြီးကျေးရွာတွင် လက်ဖက်ရည်ဆိုင်ပိုင်ရှင်မိသားစုအား အကြမ်းဖက် PDF များက ဓါးများဖြင့် ထိုးခုတ်သတ်ဖြတ်


စက်တင်ဘာ ၉


မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊နတ်ကြီးကျေးရွာ ရွာလယ်ရှိ ပွင့်ကမ္ဘာ လ္ဘက်ရည်ဆိုင်သို့ အကြမ်းဖက်အဖွဲ့ အင်အား ၇ ဉီးခန့်သည် ယနေ့ ညနေ ၄ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် ရောက်ရှိလာပြီး ဆိုင်ရှင် ဉီးမြင့်ခိုင်၊၄၅နှစ်၊(ဘ)ဉီးမြင့်ဖေ၊ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ဌေး၊၄၃နှစ်၊(ဘ)ဉီးလှအောင်၊ သမီးများဖြစ်ကြသည့် မအိအိငြိမ်း၊၁၇နှစ်နှင့်မမြတ်စုမွန် ၊၁၄နှစ်တို့အား အကြမ်းဖက်သမားများက ဓါးများဖြင့် ထိုးခုတ်ခဲ့ကြကြောင်း သိရသည်။

အကြမ်းဖက် PDF များမှဓားဖြင့်ထိုးခုတ်မှုကြောင့် ဉီးမြင့်ခိုင်၌ လည်ပင်းပြတ်ရှဒဏ်ရာနှင့် နောက်ကျော​ပြင်ထိုးသွင်းဒဏ်ရာ၊ ဒေါ်မြင့်မြင့်ဌေး၌ လည်ပင်းပြတ်ရှဒဏ်ရာနှင့်ညာဘက်ရင်အုံထိုးသွင်းဒဏ်ရာ၊ မမြတ်စုမွန်၌ လည်ပင်းပြတ်ရှဒဏ်ရာနှင့် ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာများရှိပြီး ၃ဉီးစလုံး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကာ မအိအိငြိမ်းတွင် လည်ပင်း၊ ညာဘက်ရင်ဘတ်နှင့်နောက်ကျောတို့တွင် ပြတ်ရှ/ ထိုးသွင်းဒဏ်ရာများ(စိုးရိမ်ရ) ရရှိခဲ့ကြကြောင်း သိရသည်။

စိုးရိမ်ဒဏ်ရာရရှိသူ မအိအိငြိမ်းအား ငါန်းမြာကြီးတိုက်နယ်ဆေးရုံမှတဆင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းတင်ပို့ကုသထားကြောင် သိရသည်။

သေဆုံးသူမိသားစုမှာ သာမန်ပြည်သူမိသားစုများ ဖြစ်ကြပြီး လက်ဘက်ရည်ဆိုင်ဖြစ်၍ ဌာနဆိုင်ရာဝန်ထမ်းများ လုံခြုံရေးအဖွဲ့ဝင်များ ဝင်ရောက်စားသောက်ကြသဖြင့် အကြမ်းဖက်သမားများက ယခုကဲ့သို့ သတ်ဖြတ်ခြင်းဖြစ်ကြောင်း ဒေသခံများ၏ပြောကြားနေကြသည်ဟု သတင်းရရှိပါသည်။

#PAN