“ကမ္ဘာ့အကြီးဆုံး စီးပွားရေး လုပ်ငန်း တစ်ခုဖြစ်သည့် Apple ကုမ္ပဏီကြီး၏ စတော့ရှယ်ယာ စျေးနှုန်းများ ၃.၄ရာခိုင်နှုန်းထိ ကျဆင်းသွားခဲ့ရပြီးနောက် ရင်းနှီးမြှုပ်နှံသူတွေကြား စိုရမ်မှုများမြင့်တတ်နေ”

စက်တင်ဘာ ၉

တရုတ်နိုင်ငံတွင် iPhone အား တာဆီး မှုသတင်းများထွက်ပေါ်လာပြီးနောက် ၄၈ နာရီအတွင်း Apple ၏စတော့ရှယ်ယာ စျေးနှုန်းများ သည် ကန်ဒေါ်လာ $200 Billionထိ ကျဆင်းသွားခဲ့ရပါတယ်။

ပြီးခဲ့သည့် စက်တင်ဘာ ၇ရက် ကြာသပတေးနေ့က Apple ၏ စတော့ရှယ်ယာစျေးနှုန်းများသည် ၃.၄ရာခိုင်နှုန်းထိ ကျဆင်းသွား​ခဲ့ရတာလည်းဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံးစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် Apple ကုမ္ပဏီ၏ လုပ်ငန်း လည်ပတ်မှု တွေကို ဆက်လက် ထိန်းသိမ်းထားနိုင်တဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ် နှံသူတွေကြား စိုးရိမ်မှုတွေ မြင့်တက် လာခဲ့ရပါတယ်။

ပြီးခဲ့သောလတွင် Apple ကုမ္ပဏီကြီးက ၎င်း၏နေ့စဥ်အထူးခြားဆုံးကျဆင်းမှုကို မှတ်တမ်းတင်ခဲ့ပြီးနောက် နှစ်ရက်အတွင်း ခန့်မှန်းခြေ ကန်ဒေါ်လာ ၂၀၀ ဘီလီယံထိ ဆုံးရှုံးခဲ့ရပါတယ်။ Dow Jones Industrial Average တွင် ၎င်းတို့ ကုမ္ပဏီ၏စတော့ကို အနိမ့်ဆုံးအဖြစ် သတ်မှတ်ခံခဲ့ရပြီး တရုတ်နိုင်ငံသည် ကုမ္ပဏီ၏ထုတ်ကုန်များအတွက် အကြီးဆုံး ပြည်ပဈေးကွက်ကြီးဖြစ်ခဲ့ရပြီး ယမန်နှစ်က ၎င်းတို့ ကုမ္ပဏီ၏စုစုပေါင်းဝင်ငွေ၏ ၅ပုံ၁ပုံ ခန့်ကို တရုတ်နိုင်ငံအတွင်းရောင်းချမှုအများ ဆုံးဖြစ်ခဲ့ကြောင်း သတင်းဌာနများက ဖော်ပြပြော ဆိုထားကြပါတယ်။