“အာဖရိကတိုက် အလယ်ပိုင်းနိုင်ငံဖြစ်သည့် Chad နိုင်ငံတွင် ပြင်သစ် စစ်ဆရာဝန်တစ်ဦး ၏ ပစ်ခတ် တိုက်ခိုက်မှုကြောင့် Chadian စစ်သားတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ရပြီး Chadနိုင်ငံ Faya-Largeau ဒေသတွင် ပြင်သစ်ဆန့်ကျင်ရေး ဆန္ဒပြမှုများ မြင့်တတ် လာ”

စက်တင်ဘာ ၇

အာဖရိကတိုက် အလယ်ပိုင်းရှိ Chad နိုင်ငံတွင် ပြင်သစ်စစ်တပ်မှ ဆေးမှူးဖြစ်သူ၏ တိုက်ခိုက်မှုကြောင့် ချာဒီးယားစစ်သားတစ်ဦး သေဆုံးခဲ့ရတာလည်းဖြစ်ပါတယ်။

ချဒ်နိုင်ငံမြောက်ပိုင်းရှိ ပြင်သစ်နိုင်ငံ စစ် အခြေစိုက်စခန်းတစ်ခုမှ စစ်တပ်သူနာ ပြုတစ်ဦးသည် ၎င်းအား တိုက်ခိုက်ခဲ့သည့် Chadian စစ်သားတစ်ဦးကို ပစ်သတ်ခဲ့ပြီး ဒေသခံပြည်သူများ၏ ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ ကြောင်း ဒေသအုပ်ချုပ်ရေးမှူးက ပြီးခဲ့သည့် စက်တင်ဘာ ၆ရက် ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။

Chad နိုင်ငံ၏ စစ်သားတစ်ဦး သေဆုံးခဲ့ရ ပြီးနောက်Chadနိုင်ငံ မှ ပြင်သစ် ဆန့်ကျင်ရေး ဆန္ဒပြသူများသည် လမ်းများပေါ် ထွက်ခဲ့ကြပြီး ချဒ်နှင့် ပြင်သစ်အာဏာပိုင်များထံ မှ တရားဝင်တုံ့ ပြန်မှုကိုတောင်းဆိုခဲ့ကြပါတယ်။

ထို့နောက် အဆိုပါ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည့် ဗုဒ္ဓဟူးနေ့ညတွင် Faya-Largeau မြို့တွင် နေထိုင်သူများသည်ဆန္ဒပြပွဲများကျင်းပနိုင်ရန်နှင့် ပြင်သစ်စစ်တပ်အခြေစိုက်စခန်းပတ်၀န်း ကျင်ကိုချိုးဖောက်ဝင်ရောက်နိုင်ရန်ကြိုးပမ်းခဲ့ကြပြီး ချဒ်နိုင်ငံ၊ Faya-Largeau မြို့တွင် ပြင်သစ်စစ်ဆရာဝန်တစ်ဦးကြောင့် Chadian စစ်သားတစ်ဦး သေဆုံးခဲ့ရပြီးနောက်ပိုင်း နိုင်ငံအတွင်း ပြင်သစ် ဆန့်ကျင်ရေး ပိုင်းတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး တင်းမာမှုများ မြင့်တက်လာနေကြောင်း သတင်းဌာနများက ဖော်ပြပြောဆိုထားကြပါတယ်။