လူသတ်အကြမ်းဖက်သောင်းကျန်းသူ KNLA/PDF အဖွဲ့များ ပစ်ခတ်သည့် Drop Bomb ထွေအုပ်ရုံးပေါ်ကျရောက်ပေါက်ကွဲ တစ်ဦးသေဆုံး

—————

စက်တင်ဘာ ၇

            ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးပေါ်သို့ လူသတ်အကြမ်းဖက်သောင်းကျန်းသူ KNLA/PDF အဖွဲ့များမှ ယနေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် Drop Bomb ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း သိရှိရပါသည်။

           ဖြစ်စဥ်မှာ ကမမောင်းမြို့ ၊ အမှတ် ၄ ရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် အစည်းအဝေးပြုလုပ်နေစဉ် သောင်းကျန်းသူများ၏ Drop Bomb ၃ လုံးသည် ရုံး၏အရှေ့ မျက်နှာဇာသို့ ၁ လုံး၊ အလံတိုင်ရှေ့တည့်တည့်သို့ ၁လုံး၊ ရုံးနားသို့ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါပေါက်ကွဲမူကြောင့် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမင်း၊ (ဘ)ဦးပန်းရင်သည် နေရာတွင်ပင် ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ရကြောင်း သတင်းရရှိပါသည်။

ယခုရက်များတွင် ကရင်ပြည်နယ်အတွင်း သောင်းကြမ်းသူမှားမှ Drop Bomb /Drone Bomb ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုများပြားလာလျှက်ရှိပြီး ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်ပြီး အစိုးရရုံးများ အစိုးရဝန်ထမ်းများကို ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်နေခြင်းသည် တပ်မတော်အစိုးရကို ထိခိုက်ခြင်းထက် တိုင်းပြည်၏အနာဂါတ်ကို ဖျက်ဆီးနေခြင်းဖြစ်ရာ အလုံးစုံပျက်သုဥ်းခြင်းသို ဦးတည်ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

#PAN