“UNSC အစည်းအဝေးပွဲကြီးတွင် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအား အနောက်နိုင်ငံများမှ စစ်လက်နက်များ ထောက်ပံ့ပေးပို့နေမှု အပေါ် ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် တောင်းဆိုထား”

စက်တင်ဘာ ၇

ရုရှား နိုင်ငံက လာမည့် စက်တင်ဘာ ၁၂ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့ ကုလသမဂ္ဂဆိုင်ရာ အစည်းအဝေးပွဲကြီးတွင် ယူကရိန်းနိုင်ငံသို့ အနောက်အုပ်စုနိုင်ငံများမှ စစ် လက်နက်များ ပေးပို့မှုအား ပြန်လည် သုံးသပ်ဆွေးနွေးနိုင်ရန် အတွက် နိုင်ငံတကာအဖွဲ့အစည်းဆိုင်ရာ ရုရှား၏ လက်ထောက်အမြဲတမ်းကိုယ်စားလှယ် Dmitry Polyansky က တောင်းဆိုထား ကြောင်း သတင်းဌာနများက ပြီးခဲ့သည့် စက်တင်ဘာ ၆ရက်နေ့က ဖော်ပြပြောဆို​ထားကြ ပါတယ်။

ထို့နောက် သတင်းဌာနများက “ယူကရိန်းကို အနောက်နိုင်ငံလက်နက်တွေ ထောက်ပံ့ရေးနဲ့ ဖြေရှင်းရေး အလားအလာ တွေကို ဟန့်တားမည့် အချက်တွေကို စက်တင်ဘာ ၁၂ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုထားပါတယ်” လို့ ၎င်းက တရားဝင် ထုတ် ပြန်ကြေညာ ထားကြောင်း လည်းဖော်ပြပြော ဆိုထား ပါတယ်။