မကွေးတိုင်းဒသကြီး၊ ငဖဲမြို့နယ်တွင် စားအုန်းဆီများဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး


စက်တင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဒေသခံပြည်သူ များ စားသုံးမှုအဆင်ပြေစေရန်အတွက် စားအုန်းဆီများကို အိမ်ထောင်စုတစ်စုလျှင် တစ်ပိသာနှုန်းဖြင့် ငဖဲမြို့မရပ် ကွက်နှင့် ပဒါန်းကျေးရွာတို့တွင် ယနေ့နံနက်ပိုင်းက စနစ်တကျရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါရောင်းချပေးရာသို့ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်စိုး နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်၊ ရပ်/ ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်စာ​ရေးများ၊ ရပ်မိရပ်ဖများနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ ရောင်းချပေးခဲ့ပြီး ဝယ်ယူကြသူများကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ထိုသို့ရောင်းချပေးရာတွင် စားအုန်းဆီ တစ်ပိသာလျှင် ငွေကျပ် ၄၈၀၀ နှုန်းဖြင့် ငဖဲမြို့မရပ်ကွက်မှ အိမ်ထောင်စု ၂၂၀ စုအတွက် ဆီပိသာ ၂၂၀ နှင့် ပဒါန်းကျေး ရွာမှ အိမ်ထောင်စု ၂၂၀ စုအတွက် ဆီပိသာ ၂၂၀ စုစုပေါင်း စားအုန်းဆီပိသာ ၄၄၀ ကို ပြင်ပပေါက်ဈေးထက်သက် သာသောဈေးနှုန်းဖြင့် စနစ်တကျတန်းစီ၍ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့သည့်အတွက် ပြည်သူတို့၏လူမှုစီးပွားဘဝအထောက်အကူဖြစ်စေခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN