ပန်းတောင်းမြို့နယ်တွင် မိုးရွာသွန်းပြီး ဧရာဝတီမြစ်ရေ မြင့်တက်ခဲ့မှုကြောင့် ထုံးဘိုကျေးရွာအုပ်စု၊ ခတ္ထိယရပ်ကွက်ရှိ အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရ

စက်တင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ယခုလ ၅ ရက်နေ့ ၄ နာရီ ၃၀ မိနစ်ခန့်က မိုးရွာသွန်းပြီး ဧရာဝတီမြစ်ရေ မြင့်တက်ခဲ့မှုကြောင့် ထုံးဘိုကျေးရွာအုပ်စု၊ ခတ္ထိယရပ်ကွက်ရှိ နေအိမ်များအတွင်းသို့ ရေများဝင်ရောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မြစ်ရေဝင်ရောက်မှုကြောင့် အိမ်ထောင်စုတစ်ချို့ ရေဝင်နစ်မြုပ်မှုများဖြစ်ပေါ်လာသည့်အတွက် ပန်းတောင်းမြို့နယ်၊ မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရေဝင်ရောက်နေသော  အိမ်ထောင်စုများအား ရေဘေးလွတ်ရာ မြသိန်းတန်ဘုရားဝန်းအတွင်းသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။  

#PAN