တောင်ယာအခင်းအလုပ်လုပ်နေသည့် အမျိုးသမီးတစ်ဦး အကြမ်းဖက်အဖွဲ့များထောင်ထားသည့် မိုင်းပေါက်ကွဲ၍ဒဏ်ရာရရှိ

စက်တင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွေဘိုမြို့နယ်မှ အမျိုးသမီးငယ် တစ်ဦးသည် တောင်ယာအခင်းထဲ၌ တောင်သူလုပ်ငန်းလုပ်နေစဥ် စက်တင်ဘာလ ၅ ရက် နံနက် ၁၀ နာရီအချိန်ခန့်တွင် အကြမ်းဖက်များထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် မိုင်စထိမှန်ကာ ဒဏ်ရာများရရှိကြောင်း သိရပါသည်။

ရွေဘိုမြို့နယ် ရွာသစ်ကုန်းကျေးရွာတွင် နေထိုင်သူ မယဉ်ငြိမ်းအေး(၁၇)နှစ်သည် ၎င်းနေထိုင်သည့် နေအိမ်၏ အရှေ့ဘက်ရှိ တောင်ယာအခင်းထဲတွင် တောင်ယာလုပ်ကိုင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် လက်နှင့်ခြေထောက်တို့တွင် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရွေဘိုမြို့နယ်သည် လူသတ်အကြမ်းအဖက်PDFများက မြို့နယ်တခုလုံးတွင် နေ့စဉ်ရက်ဆက်အကြမ်းဖက်လုပ်ငန်းများ ဆက်တိုက်လုပ်ဆောင်နေသလို ရွှေဘိုမြို့ပေါ် အကြမ်းဖက်အန္တရာယ်တိမ်းရှောင်လာသူများကိုလည်း မြို့တွင်းဝင်ရောက်အကြမ်းဖက်သတ်ဖြတ်ခြင်းခံနေရသော မြို့နယ်အဖြစ် လူသိများသောမြို့နယ်တခုဖြစ်ကြောင်းသိရပါသည်။