“တရုတ်နိုင်ငံက အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးပွဲတွင် အာရှဒေသတွင်း စစ်အေးတိုက်ပွဲအသစ်များ ဖြစ်ပေါ်လာ နိုင်ကြောင်း သတိပေးပြောကြားခဲ့”

စက်တင်ဘာ ၇

အာဆီယံထိပ်သီးအစည်းအဝေးတွင် တရုတ်နိုင်ငံက အာရှဒေသတွင်း ‘စစ်အေးတိုက်ပွဲသစ်’ များဖြစ်ပေါ်လာ နိုင်ကြောင်း သတိပေးပြော ကြားခဲ့တာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ တွင် ပြီးခဲ့သည့် စက်တင်ဘာ ၆ရက်နေ့က စုရုံးရောက်ရှိနေကြသော စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် နိုင်ငံအုပ်စု ခေါင်းဆောင်များ အနေဖြင့် ၎င်းတို့ နိုင်ငံများကြား ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်း ရေးဆိုင်ရာ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ၏ နှစ်စဉ်ထိပ်သီး အစည်းအဝေးတွင် တရုတ်ဝန်ကြီးချုပ် Li Qiang က “စစ်အေးတိုက်ပွဲသစ်” ကို ဆန့်ကျင်ကြရန် သတိပေး ပြောကြားခဲ့ တာလည်းဖြစ်ပါတယ်။

ကမ္ဘာ့ အင်အားကြီးနိုင်ငံများ၏ အငြင်းပွား မှုများလမ်းကြောင်းသို့ ဆွဲငင်ယူဆောင် ခံရမည့်အန္တရာယ်ကို သတိပေးပြောကြား ထားသည့် မစ္စတာလီ က အမေရိကန်ဒုသမ္မတ ကမာလာဟာရစ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် အိန္ဒိယတို့အပါအဝင် မိတ်ဖက်နိုင်ငံအသီးသီးမှ ခေါင်းဆောင်များနှင့် လည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိနေပြီး အဆိုပါ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲများ ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်တို့တော့ မတက်ရောက် ကြဘူးလို့ သတင်းဌာနများက ဖော်ပြပြောဆို ထားကြပါတယ်။