ဆာကာက အင်္ဂလန်အသင်းရဲ့အကောင်းဆုံး ကစားသမားဆုကို (၂)နှစ်ဆက်တိုက် ဆွတ်ခူး

Photo: England FC

စက်တင်ဘာ ၇
အင်္ဂလန်လက်ရွေးစင်အသင်း၏ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို တောင်ပံ ကစားသမား ဆာကာက (၂)နှစ်ဆက်တိုက်ဆွတ်ခူးရရှိခဲ့ပါတယ်။
အသက်(၂၂)နှစ်ရှိ ဆာကာက ဘယ်လင်ဟမ်နဲ့ ဟာရီကိန်းတို့ကို ကျော်ဖြတ်ပြီး အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တစ်နှစ် အတွင်းမှာ ဆာကာဟာ အင်္ဂလန် အသင်း အတွက် (၁၀)ပွဲ ကစားခဲ့ပြီး (၇)ဂိုး သွင်းယူထားပါတယ်။