သီပေါမြို့ပေါ်မှ “ ရွှေရတနာ ” ရွှေဆိုင် ဓားပြတိုက်ခံရ

စက်တင်ဘာ ၆

ယနေ့ နံနက် ၇ နာရီ ၄၀ မိနစ်ချိန်ခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့ ၊ ဈေးရပ်ကွက် ၊ မြို့မဈေးရှိ ဦးဝင်းထွန်း (၆၅)နှစ်( ဘ ) ဦးသန်း ပိုင်ဆိုင်သည့် “ ရွှေရတနာ ” ရွှေဆိုင် ဓားပြတိုက်ခံရကြောင်းသိရှိရသည်။

MARKများ ကိုယ်စီတပ်ထားသည့် အသက် ၃၀ နှစ်ဝန်းကျင် အမျိုးသား ၂ ဦးသည် ( နက် ပြာ )ရောင် ဦး ထုပ်ဆင်တူ ဆောင်းထားကာ Mask များတပ်ဆင်ကာ မော်တော်ဆိုင်ကယ် CZI – 125 အမျိုးအစား ၊ ( အနက် )ရောင်ဖြင့်ရောက်ရှိလာပြီး အမျိုးသား ၁ ဦးမှ သေနတ်အတို ( စိစစ် ဆဲ )ဖြင့် ဆိုင်၏ မျက်နှာကျက်အား ၁ ချက် ပစ်ဖောက်ခဲ့ကြောင်းသိရသည်။

၎င်းနောက် ဆိုင်အတွင်းမှ မှန်ဘောင် အတွင်း ရွှေထည်များခင်း‌နေသည့် ဆိုင်ဝန်ထမ်း အမျိုးသမီးကို ရှမ်းဘာသာဖြင့် “ မလှုပ်နဲ့ ငြိမ်ငြိမ်နေ ” ဟု ပြောဆိုကာ အတူပါလာသူ အင်္ကျီအကွက် လက်ရှည် ၊ ဂျင်း ဘောင်ဘီ ( အဟောင်း )ဝတ်ထားသူမှ ဆိုင်ကယ်တွင် အသင့် ပါလာသည့်ဓားကောက်ကိုယူ၍ ဆိုင်အတွင်းရှိ ရွှေထည့်ရာတွင် အသုံးပြုသော ကောင်တာမှန်ဘီ ဒို ၃ ကန်အား ထုခွဲကာ အထဲတွင် ခင်းကျင်းထားသည့် နား ကပ် ၁၅ ခု ၊ ဆွဲ ကြိုး ၇ ကုံးနှင့် လက်စွပ် ၁၀ ကွင်း ၊ အလေးချိန် ၂ ကျပ်သား ခန့် ၊ စုစုပေါင်း ကာလတန်ဖိုး ၇၀ သိန်းကျပ်ခန့်အား လုယက်ပြီး ဘေးလွယ်အိတ် အတွင်းထည့် ကာ ယူဆောင်၍ မော်တော်ဆိုင်ကယ်ဖြင့် သီပေါမြို့မှ ကျောက်မဲမြို့သို့ ပြည်ထောင်စု လမ်းအတိုင်း ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ “ ရွှေရတနာ ” ရွှေဆိုင်သည် ဆိုင်ရှင်ဦးဝင်းထွန်း နှင့် ဇနီး ဒေါ်နန်းလှယဉ် တို့ဦးစီး၍ ဆိုင်ဝန်းထမ်းမျိုးသမီး ၁ ဦး ရှိ‌‌ကြောင်းသိရပါသည်။

လူသတ်အကြမ်းဖက်အဖွဲ့များသည် လက်နက်အားကိုးဖြင့် အရပ်သားပြည်သူများကို ခြိမ်းခြောက်ခြင်း၊သတ်ဖြတ်ခြင်း၊ပစ္စည်းလု ဓားပြတိုက်ခြင်း စသည့်ဒုစရိုက်လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေကြောင်း နေစဉ်မြေပြင်သတင်းများအရကြားသိရပါသည်။