မဲဆောက်မှာ ဒရုန်းထုတ်လုပ်သည့် မြန်မာနိုင်ငံသား ဆယ်ဦးခန့် ဖမ်းဆီးခံရ

စက်တင်ဘာ ၅

မြန်မာနဲ့ထိုင်းနိုင်ငံနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့ ၊မဲ့ကဆာကျေးရွာက နေအိမ်တလုံးမှာ စက်တင်ဘာလ ၃ ရက်၊ ညနေပိုင်းက ဒရုန်းထုတ်လုပ်နေတဲ့အမျိုးသမီးတချို့အပါအဝင် မြန်မာနိုင်ငံသား ဆယ်ဦးခန့်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြောင်းသိရှိရပါသည်။

“ ဟုတ်ပါတယ်။ အိမ်မှာ ငှားနေကြရင်းနဲ့ လုပ်နေကြတာလို့ သိရတယ်။ဒရုန်းထုတ်လုပ်တာပေါ့နော်။ အားလုံးပေါင်းရင် ဆယ်ယောက်လောက်ရှိတယ်ဗျ။” လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတဦးက ပြောကြားကြောင်းသိရှိရသည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကနေ ကားနဲ့ ၄၅ မိနစ်ခန့်မောင်းရတဲ့ မဲ့ကဆာကျေးရွာဘက်က နေအိမ်တလုံးမှာ ဒရုန်းနဲ့ ဆက်စပ် ပစ္စည်းတွေ ထုတ်လုပ်နေတဲ့သတင်းကို အိမ်နီးနားနေထိုင်ကြသူဒေသခံတွေက သက်ဆိုင်ရာ အာဏာပိုင်တွေကို တိုင်ကြားခဲ့ ရာမှ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တာ ဖြစ်ကြောင်းသတင်းသိရှိရခြင်းဖြစ်ပါသည်။