မတ္တရာမြို့နယ်၊ထန်းပင်ကုန်းကျေးရွာအုပ်စု၊အုပ်ချုပ်ရေးမှုးအား အကြမ်းဖက်သမားများက ပစ်ခတ်သတ်ဖြတ်

စက်တင်ဘာ ၅

မတ္တရာမြို့နယ်၊ထန်းပင်ကုန်းကျေးရွာအုပ်စု၊ထန်းပင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးအား PDF အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်လိုက်ကြောင်း သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဉီးကျော်လေး၊၆၂နှစ်၊(ဘ)ဉီးစိန် သည် ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် နေအိမ်၌ရှိနေစဉ် အကြမ်းဖက်သမား ၆ ဦး ဆိုင်ကယ် ၃စီးဖြင့်ရောက်ရှိလာပြီး ဉီးကျော်လေးအား ဖမ်းဆီးခေါ်ဆောင်သွားကာ ထန်းပင်ကုန်းကျေးရွာအတွင်း လမ်းဆုံနေရာတွင် သေနတ်ဖြင့် ဉီးကျော်လေး၏ ဉီးခေါင်းအား ပစ်ခတ်ကာ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

ယင်းကဲသို့ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဉီးကျော်လေးတွင် ယာ-မျက်လုံးမှဖောက်ဝင် ဉီးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရှိရပြီး သက်ဆိုင်ရာ နယ်မြေခံ လုံခြုံရေး အဖွဲ့မှ အမြန်ဆုံးအရေးယူနိုင်ရေး လိုက်လံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN