တမူးမြို့နယ်၊ ရန်လင်းဖိုင်ကျေး ရွာအနီးတွင် နယ်မြေလုံခြုံရေးအဖွဲ့က နယ်မြေရှင်းလင်းရာ အကြမ်းဖက် PDF များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွား၊အကြမ်း ဖက် PDF  ၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိ

စက်တင်ဘာ ၅

        ယနေ့ နံနက် ၈ နာရီအချိန်ခန့်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ရန်လင်းဖိုင်ကျေး ရွာအနီးတွင် အကြမ်းဖက်သမား PDF များ ခိုအောင်းနေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့လာမှုကြောင့် နယ်မြေလုံခြုံရေးအဖွဲ့က အဆိုပါနေရာသို့ သွားရောက် နယ်မြေရှင်း လင်းရာ အကြမ်းဖက် PDF များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

        ထိုသို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာမှ  အကြမ်း ဖက် PDF  ၁ ဦးကို အမ်-၂၂ သေနတ် ၁ လက်၊ အမ် – ၂၂ ကျည်အိမ် ၃ ခု၊ အမ် – ၂၂ကျည် ၁၂၈ တောင့်၊ ပြောက်ကျားယူနီဖောင်း ၁ စုံတို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

      ဒေသခံပြည်သူများအနေဖြင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်လိုကြပြီး လူသတ်အကြမ်းဖက် PDF များ၏ အကြမ်းဖက်လုပ်ရပ်များကို ရွံရှာမုန်းတီးလာကြသဖြင့် ၎င်းတို့၏ လုပ်ရပ်များကို ထောက်ခံခြင်း မပြုကြတော့ဘဲ ၎င်းတို့၏ လှုပ်ရှားမှုသတင်းများကို နီးစပ်ရာ လုံခြုံရေးအဖွဲ့များထံ လျှို့ဝှက်သတင်းပေးပို့လာကြကြောင်း သိရပါသည်။

#PAN