စပိန် ဝါရင့် နောက်ခံကစားသမားကြီး ရာမို့စ်ကို ဆီဗီလာအသင်းက ခေါ်ယူ

Photos: Sevilla FC

စက်တင်ဘာ ၅
အသက် (၃၇)နှစ်အရွယ်ရှိ စပိန် ဝါရင့် နောက်ခံကစားသမားကြီး ဆာဂျီယို ရာမို့စ်ဟာ သူရဲ့ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရာ ကလပ်အသင်းဖြစ်သော ဆီဗီလာအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ပြောင်းရွှေ့သွားခဲ့ပြီပဲ ဖြစ်ပါတယ်။
ရာမို့စ်ဟာ ၁၈ နှစ်ကြာမှ အသင်းဟောင်းကို ပြန်လာခြင်း ဖြစ်ပြီး ဆီဗီလာနှင့် တစ်နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့ကာ တစ်နှစ်သက်တမ်းတိုးခွင့်လည်း ထည့်သွင်းထားပါတယ်။