“ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ယခုနှစ်ကုန်တွင် လူပေါင်း ၁.၈ သန်းကျော်နီးပါးထိ ဆူဒန်နိုင်ငံမှထွက်ပြေးလာ နိုင်ခြေရှိကြောင်း မျှော်မှန်ထား”

စက်တင်ဘာ ၅

ယခုနှစ် ၂၀၂၃ ခုနှစ်အတွင်း စစ်ဒဏ်ခံ နေရသော ဆူဒန်နိုင်ငံနိုင်ငံအတွင်းရှိ လူပေါင်း ၁.၈ သန်းကျော် ထွက်ပြေးနိုင်ချေရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဆူဒန်နိုင်ငံတွင်း အကြမ်းဖက်မှုများမှ ထွက်ပြေးတိမ်းရှောင် လာသူများအား အကူအညီပေးနိုင်ရန် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြီးခဲ့သည့် စက်တင်ဘာ ၄ရက် တနင်္လာနေ့က တောင်းဆိုမှုများပြုလုပ်ခဲ့ပြီး ယခုနှစ်ကုန်အချိန်တွင် ဆူဒန် အိမ်နီးချင်း ၅ နိုင်ငံသို့ ၁.၈ သန်းကျော် ရှိ စစ်ဘေး ဒုက္ခသည် များ ရောက်ရှိလာနိုင်ကြောင်း လည်း ပြောကြားခဲ့ပါတယ်။

ဆူဒန်နိုင်ငံအတွင်း ပဋိပက္ခများစတင်ပြီး များမကြာမီ မေလ တွင် UNHCR က ခန့်မှန်းထားသည်ထက် စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ၏ နှစ်ဆခန့် ရှိနေတာလည်း ဖြစ်ပါတယ်။

ဆူဒန်နိုင်ငံ၏ မြို့တော် Khartoum အတွင်း မြောက်ပိုင်းရှိ ဆူဒန်စစ်တပ်နှင့် အရံ အမြန်ထောက်ပံ့ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားနေပြီး နိုင်ငံအတွင်းရှိ လူပေါင်း ၁ သန်းကျော်နီးပါး သည် ဆူဒန်နိုင်ငံ နိုင်ငံမှ ထွက်ပြေးနေကြကြောင်းလည်း သတင်း ဌာနများကဖော်ပြပြောဆိုထားကြပါတယ်။