ရွှေဘိုမြို့နယ်၊ ဂွေးပင်ကုန်းကျေးရွာအနီးတွင် အကြမ်းဖက်သမား PDF များ ခိုအောင်းနေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များက ရှင်းလင်းရာ လူနေတဲ တစ်လုံးအတွင်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

စက်တင်ဘာ ၄

     ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်တွင် စစ် ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဂွေးပင်ကုန်းကျေးရွာအနီးတွင် အကြမ်းဖက်သမား PDF များ ခိုအောင်းနေကြောင်း အေးချမ်းစွာနေလိုသည့် တာဝန်သိပြည်သူများက လျှို့ဝှက်သတင်း ပေးပို့လာခြင်းကြောင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များက အဆိုပါနယ်မြေတွင် ဝင်ရောက်ရှင်းလင်းခဲ့ရာ မသင်္ကာဖွယ်ရာတဲများကို တွေ့ရှိခဲ့ကြောင်း သိရသည်။

       အဆိုပါ မသင်္ကာဖွယ်ရာတဲများကို ရှင်းလင်းရာ ၂၀ယောက်အိပ်လူနေတဲ ၂ လုံးဖြစ်ပြီး တဲအတွင်းမှ မီးဖိုတဲ ၁ လုံး၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်ရှော့တိုက်စိန်ပြောင်း ၃ လက်၊ လက်လုပ်မိုင်း ၄ လုံး၊ တစ်ယောက်ပစ်ကျင်း ၅ ကျင်းတို့ကို သိမ်းဆည်းရရှိကြောင်း သတင်းရရှိပါသည်။

      ဒေသခံပြည်သူများအနေဖြင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်လိုကြပြီး လူသတ်အကြမ်းဖက် PDF များ၏ အကြမ်းဖက်လုပ်ရပ်များကို ရွံရှာမုန်းတီးလာကြသဖြင့် ၎င်းတို့၏ လုပ်ရပ်များကို ထောက်ခံခြင်း မပြုကြတော့ဘဲ ၎င်းတို့၏ လှုပ်ရှားမှုသတင်းများကို နီးစပ်ရာ လုံခြုံရေးအဖွဲ့များထံ လျှို့ဝှက်သတင်းပေးပို့လာကြကြောင်း သိရပါသည်။

#PAN