ရွှေဘိုမြို့နယ်၊ရွာသစ်ကုန်းကျေး ရွာအနီးတွင် အကြမ်းဖက်သမား PDF များ ခိုအောင်းနေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များက ရှင်းလင်းရာ လူနေတဲ တစ်လုံးအတွင်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

စက်တင်ဘာ ၄

     ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ရွာသစ်ကုန်းကျေး ရွာအနီးတွင် အကြမ်းဖက်သမား PDF များ ခိုအောင်းနေကြောင်း အေးချမ်းစွာနေလိုသည့် တာဝန်သိပြည်သူများက လျှို့ဝှက်သတင်း ပေးပို့လာခြင်းကြောင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များက အဆိုပါနယ်မြေအတွင်း အငိုက်ဖမ်းဝင်ရောက်ရှင်းလင်းခဲ့ရာ အကြမ်း ဖက်သမား PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

        ထိုသို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ အကြမ်း ဖက်သမား PDF များသည် ကိုယ်လွတ်ရုန်းထွက်ပြေးသွားကြပြီး ၎င်းတို့ထံမှ လက်လုပ်သေ နတ် ၃ လက်၊ လက်လုပ်စိန်ပြောင်း ၃ လက်၊လက် လုပ်စိန်ပြောင်းဗုံးသီး ၃ လုံး၊ လက်လုပ်ရှေ့ထွက်မိုင်း ၃ လုံး၊ ယမ်းပျော့ ၁၅ တောင့်၊ ယမ်းမှုန့် ၂ ပိဿာခန့် ၁ ထုပ်၊ ယမ်းကြိုး အရှည် ၅၀ ပေခန့် ၁ ခွေ၊ အိုင်ကွန် ၃ လုံး၊ ဒီတိုနေတာ ၂၀ ချောင်း၊ ဆိုင်ကယ်မျိုးစုံ ၈ စီး၊ တဲ ၁ လုံးတို့ သိမ်းဆည်းရရှိကြောင်း သတင်းရရှိပါသည်။

      ဒေသခံပြည်သူများအနေဖြင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်လိုကြပြီး လူသတ်အကြမ်းဖက် PDF များ၏ အကြမ်းဖက်လုပ်ရပ်များကို ရွံရှာမုန်းတီးလာကြသဖြင့် ၎င်းတို့၏ လုပ်ရပ်များကို ထောက်ခံခြင်း မပြုကြတော့ဘဲ ၎င်းတို့၏ လှုပ်ရှားမှုသတင်းများကို နီးစပ်ရာ လုံခြုံရေးအဖွဲ့များထံ လျှို့ဝှက်သတင်းပေးပို့လာကြကြောင်း သိရပါသည်။

#PAN