ဘီးလင်းမြို့နယ် ရန်ကုန် – မော်လမြိုင် ကာလမ်း အလူးကျေးရွာအနီးတွင် လမ်းလုံခြုံရေးဆောင် ရွက်နေသော နယ်မြေခံလုံခြုံရေးအဖွဲ့နှင့် အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF တို့ ထိတွေ့တိုက် ပွဲဖြစ်ပွား၊ အကြမ်းဖက်သောင်း ကျန်းသူ ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်း ဆီးရမိ

စက်တင်ဘာ ၄

       မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ဘီးလင်းမြို့ နယ်၊ဘီးလင်း မြို့၏ အနောက်ဘက် (၇)မိုင် ခန့်အကွာ၊ရန်ကုန် – မော်လမြိုင် ကာလမ်း မိုင်တိုင်အမှတ်(၁၁၉/၁) နှင့် (၁၁၉/၂) ကြား အလူးကျေးရွာအနီးတွင် ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က လမ်းလုံခြုံရေးဆောင်ရွက်နေသော နယ်မြေခံတပ်ရင်းမှ လုံခြုံရေးအဖွဲ့ကို ရန်ကုန် – မော်လမြိုင်ကားလမ်း ဝဲဘက် တောင်ထန်းတောအတွင်းမှ အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF အင်အားစိစစ်ဆဲအဖွဲ့က လက်နက်ကြီး/လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့ရာ ၅ မိနစ်ခန့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

      လမ်းလုံခြုံရေးဆောင်ရွက်နေသော နယ်မြေခံလုံခြုံရေးအဖွဲ့က ပစ်ခတ်မှုကြောင့် အကြမ်းဖက်သောင်းကျန်းသူ ၃ ဦးကို RPG ၁လက်၊ M-16 ၁ လက်နှင့် M-22 ၁ လက်တို့နှင့်အတူ အသေဖမ်း ဆီးရမိခဲ့ကြောင်း၊ နယ်မြေခံလုံခြုံရေးအဖွဲ့မှ စစ်သည်တစ်ဦး ဝဲပေါင် ၁ ချက်ထိမှန် ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF အဖွဲ့သည်  အလူးကြီးကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်းနှင့် နယ် မြေခံလုံခြုံရေးအဖွဲ့က အကြမ်း ဖက်သောင်း ကျန်းသူများ ဆုတ်ခွာရာနောက်သို့ လိုက်လံရှင်း လင်းခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN