“တူရကိ သမ္မတ Erdogan က ပင်လယ်နက်ဆိပ်ကမ်း၃ခုမှ ယူကရိန်းနိုင်ငံသို့ စပါး(ဂျုံ) နှင့် အခြားကုန်ပစ္စည်းများ တင်ပို့ခွင့်ပြုသည့် သဘောတူညီချက်ကို ပြန်လည်အသက်သွင်းနိုင်ရန် ယနေ့ ရုရှား သမ္မတ ဗလာဒီမာပူတင် နှင့် တွေ့ဆုံမှုများပြုလုပ်ခဲ့”

စက်တင်ဘာ ၄

တူရကီနိုင်ငံ၏ သမ္မတ Recep Tayyip Erdogan က ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံရန် အတွက် ရုရှားနိုင်ငံ Black Sea ဒေသရှိ ဆိုချီမြို့သို့ ယနေ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ရုရှား နိုင်ငံ နှင့် ပင်လယ်နက်ဆိပ်ကမ်းသုံးခုမှ ယူကရိန်းနိုင်ငံသို့ စပါးနှင့် အခြားကုန်ပစ္စည်းများ တင်ပို့ခွင့်ပြုသည့် သဘောတူညီချက်ကို ပြန်လည်အသက်သွင်းနိုင်ရန် Recep Tayyip Erdogan က ယနေ့ စက်တင်ဘာ ၄ရက် တနင်္လာနေ့က ကြိုးပမ်းမှုများ ပြုလုပ်နိုင် ရန် ရုရှား နိုင်ငံသို့ ရောက်ရှိလာခဲ့ တာဖြစ်တယ် လို့ သတင်းဌာနများ က ဖော်ပြပြောဆိုထား ကြပါတယ်။

ရုရှားနိုင်ငံ ဆိုချီမြို့တွင် ရုရှား သမ္မတ ပူတင်နှင့် တူရကီ သမ္မတ တို့ ဆွေးနွေးပွဲ ရလဒ်ကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြပါတယ်။

အာဒိုဂန်သည် ယနေ့ဆွေးနွေးပွဲများအပြီးတွင် ဂျုံ သို့မဟုတ် စပါးစာချုပ်အတွက် အလွန်အရေးကြီးသည့် မက်ဆေ့ချ်ကို ထုတ်ပြန်ခဲ့ပါတယ်။

တူရကီနိုင်ငံ နှင့် ရုရှားနိုင်ငံ တို့သည် သဘာဝဓာတ်ငွေ့ ထောက်ပံ့ရေး နယ်ပယ်တွင် ဆက်ဆံရေး ဆက်လက် ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း။

ရုရှားနိုင်ငံ၏ တောမီးကို ငြိမ်းသတ်ရန်အတွက် အထူးထုတ်လုပ်ထားသော ကုန်းရေနှစ်သွယ်သုံး တောမီး ငြိမ်းသတ်ရေး လေယာဉ်များကို ၎င်းတို့နိုင်ငံအတွင်း ထပ်မံစေလွှတ်နိုင်မည်လို့ တူရကီက မျှော်လင့်ထားကြောင်း ထုတ်ပြန် ကြေညာခဲ့ တာလည်းဖြစ်ပါတယ်။