ဂျပန်ကလပ်သို့ ပြောင်းရွှေ့သွားတဲ့ မာတာ

Photos: Vissel Kobe

စက်တင်ဘာ ၄
ချယ်လ်ဆီး နဲ့ မန်ယူအသင်းတို့ရဲ့ ကစားသမားဟောင်း စပိန် ဝါရင့် ကွင်းလယ်ကစားသမားကြီး ဟွမ်မာတာက ဂျပန် ဂျေလိဂ်ကလပ် Vissel Kobe အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ တရားဝင် ပြောင်းရွှေ့သွားခဲ့ပါတယ်။
အသက် ၃၅ နှစ်အရွယ်ရှိ မာတာအနေဖြင့် ဆော်ဒီ၊ ယူအေအီးကလပ်များ၏ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး ဂျပန်သို့ ပြောင်းရွှေ့လာခြင်းဖြစ်ပါတယ်။
မာတာ၏ စာချုပ်သက်တမ်းကို တရားဝင်ထုတ်ပြန်ခြင်းမရှိကြောင်း သိရပါတယ်။