မော်လိုက်မြို့နယ် ထော်သာရွမှာ တောင်သူ ၃၂ ကိုအကြမ်းဖက်PDFအဖွဲ့များမှ ၃ရက်အတွင်း ဖမ်းဆီးခေါ်ဆောင်သွား

ဩဂုတ်လ ၃

စစ်ကိုင်းတိုင်းဒေသကြီး ၊မော်လိုက်မြို့နယ် ထော်သာရွာအနီး လယ်‌တောတဲတွင် နေထိုင်ကြသော တောင်သူမိသားစုများ၏ မိသားစုဝင် ၂၄ ဦးတို့ကို လူသတ်အကြမ်းဖက် PDFအဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရသော မိသားစုဝင်များသည် လယ်တောတဲ၌ နေထိုင်သည်မှာ မလုံခြုံသဖြင့် ကျေးရွာအတွင်းသို့ ပြန်လည်ဝင်‌ရောက်လာစဉ် ရွာအနီးအရောက်၌ အကြမ်းဖက် PDFများက ရိုက်နှက်ဖမ်းဆီးပြီး ၎င်းတို့ကားများရပ်နားထားသော ခေါင်းတင်(၃၆)မိုင် ရပ်နားစခန်းချရာသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ ထော်သာရွာတွင် ၃ ရက်အတွင်း အကြမ်းဖက် PDFအဖွဲ့၏ ဖမ်းဆီးမှုခံရသူ ၃၂ ဦးရှိပြီဖြစ်ကြောင်းသိရသည်။အဆိုပါဖမ်းဆီးခံရသူများကိုလိုအပ်သလို ကယ်တင်ပေးနိုင်ရေး ဒေသခံများက လိုလားနေကြကြောင်းသိရှိရပါသည်။

#PAN