“ဘီလာရု နိုင်ငံ နှင့် ပိုလန်နိုင်ငံ တို့အကြား နှစ်နိုင်ငံ နယ်စပ်တင်းမာမှု အချို့ စတင်ဖြစ် ပွားနေ”

စက်တင်ဘာ ၂

ပိုလန်နိုင်ငံ စစ်တပ်၏ စစ်ရဟတ် ယာဉ်တစ်စင်းသည် ဘီလာရုနိုင်ငံ အနောက်ဘက်ပိုင်း Grodno ဒေသရှိ Belarusian နယ်စပ်ကို ချိုးဖောက်ဝင်ရောက် ခဲ့ကြောင်း ဘီလာရုစ်ပြည်နယ် နယ်ခြားစောင့် ကော်မတီက ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နေ့ သောကြာနေ့တွင် သတိပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပိုလန်စစ်ရဟတ်ယာဉ်တစ်စင်းသည် Grodno ဒေသ၏ Berestovitsky ခရိုင်ရှိ Belarusian နယ်စပ်ကို ချိုးဖောက် ဝင်ရောက်ခဲ့တာဖြစ်ပြီး ဘီလာရုစ်ပြည်နယ် နယ်ခြားကော်မတီက ကြေညာခဲ့တာဖြစ်ပြီး ဘီလာရုစ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အဆိုပါ နယ်စပ် ချိုးဖောက်မှုပြုလုပ်ခဲ့သည့် ရဟတ်ယာဥ်ကို သေချာစွာ ဖယ်ထုတ်ပေးရန် ဝါဆော(ပိုလန်) အား တိုက်တွန်းခဲ့တယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုထား ကြပါတယ်။

“စက်တင်ဘာ ၁ ရက်က ပိုလန်နိုင်ငံမှ Grodno ဒေသရှိ Belarus ၏ လေပိုင်နက်ကို ချိုးဖောက်ခဲ့ကြောင်း Belarusian နယ်ခြားစောင့်တပ်များက သတင်းပို့ခဲ့ကြပါတယ်။ အလွန်နိမ့်သော အမြင့်တွင် ပျံသန်းနေသည့် ပိုလန် စစ်ရဟတ်ယာဉ်တစ်စင်းသည် ပြည်နယ်နယ်စပ်ကို ဖြတ်ကျော်ပြီး မီတာ ၁၂၀၀ အထိ ဘီလာရုပိုင်နက်အတွင်းသို့ ဝင်ရောက်ရှိခဲ့တာပါ။ နောက်ကြောင်း ပြန်လှည့်လိုက်ပါ” လို့ ဘီလာရု နယ်ခြားစောင့်တပ်များက အဆိုပါ ရဟတ်ယာဥ်အား သတိပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ထို့နောက် ဘီလာရု နိုင်ငံခြား ရေးဝန်ကြီးဌာနက လည်း ပိုလန်ဘက်ကို ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး အကြောင်းကြားထားတယ်လို့ ဆိုထားပါတယ်။

ဘီလာရု စစ်တပ် ရဟတ်ယာဉ်နှစ်စင်းသည် ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်က ပိုလန်နယ်စပ်ကို ချိုးဖောက်ခဲ့တယ်လို့ ဝါဆော(ပိုလန်) က အစောပိုင်းတွင် စွပ်စွဲ ပြောကြားခဲ့ပြီး ဘီလာရုနိုင်ငံခြားရေးဌာနမှ ပိုလန်သံရုံးမှ မှတ်ချက်တွင် ယင်းဖြစ် ရပ်နှင့်ပတ်သက်ပြီး ယုံကြည်စိတ်ချရသော အထောက်အထားများ မပါဝင်မပြသနိုင် ခဲ့ကြောင်းပြောကြားခဲ့ကြပါတယ်။