ကန့်ဘလူမြို့နယ် ချပ်သင်း‌ကျေးရွာမှ တောင်သူ ၄ ဦး အကြမ်းဖက်သမားများက ဝင်ရောက်ဖမ်းဆီး

စက်တင်ဘာလ ၂

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူမြို့နယ် ချပ်သင်း‌ကျေးရွာ စက်တင်ဘာလ ၁ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်တွင် အကြမ်းဖက်PDFများဝင်ရောက်ပြီး ရွာသား ၄ ဦးဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါသည်။

အကြမ်းဖက်သများသည် ရွာအတွင်းသို့ သေနတ်များပစ်ခတ်၍ ဝင်ရောက်လာပြီး တောင်သူလုပ်ငန်းလုပ်ကိုင်စားသောက်နေသူ ဦးချစ်ငွေ(၆၅)နှစ် (အဘ)ဦးတက်ထွန်း ၊ ဦးစန်းမြင့်ဦး(၄၀)နှစ် (အဘ)ဦးချစ်ငွေ ၊ ဦးပွဲမောင်(၄၅)နှစ်(အဘ)ဦးချစ်ပြုံး ၊ ဦးမောင်တူး(၄၀)နှစ်(အဘ)ဦးငြိမ်းမောင်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

အဆိုပါ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် PDF ပူးပေါင်းအဖွဲ့များက ကျေးရွများသို့ မကြာခဏ အလစ်အငိုက် ဝင်းရောက်စီးနင်းခြင်း ၊ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်ခြင်းများ လုပ်ဆောင်လာနေကြောင်း နယ်ခံသတင်းများအရ ကြားသိရပါသည်။