“အမေရိကန်နိုင်ငံက ဆီယာရာလီယွန် နိုင်ငံ အတွင်း ကျင်းပပြု လုပ်ခဲ့သည့် ရွေးကောက် ပွဲများတွင် ရွေးကောက်ပွဲ လုပ်ငန်းစဥ်များကို လှည့်ဖြားခြင်း သို့မဟုတ် မဲလိမ်လည် လှည့်ဖြားခြင်းများ အတွက် တာဝန်ရှိသူများအား ပြည်ဝင်ခွင့် ဗီဇာများ ပိတ်ပင်ကြောင်း ထုတ်ပြန်ကြေညာခဲ့”

စက်တင်ဘာ ၁

အနောက် အာဖရိကတိုက် နိုင်ငံတစ် နိုင်ငံဖြစ်သည့် ဆီယာရာလီယွန်နိုင်ငံ၏ ဒီမိုကရေစီရေးရာများကို ပျက်ပြားသွားစေရန် တာဝန်ယူထားကြသူများကို ပြည်ဝင်ခွင့် ဗီဇာများပိတ်ပင် သွားမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ပြီးခဲ့သည့် သြဂုတ်လ ၃၁ရက်နေ့ ကြာသပတေးနေ့က ထုန်ပြန် ကြေညာခဲ့တာဖြစ်ပါတယ်။

အဆိုပါ ထုတ်ပြန်ခဲ့သည့် မူဝါဒများ အရ အမေရိကန်နိုင်ငံက ဆီယာရာလီယွန်နိုင်ငံအတွင်း ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ကို လှည့်ဖြားခြင်း သို့မဟုတ် မဲလိမ်လည်လှည့်ဖြားခြင်းအတွက် တာဝန်ရှိသည်လို့ ယူဆသူများအတွက် အမေရိကန်နိုင်ငံအတွင်း ပြည်ဝင်ခွင့် ဗီဇာ များကို ကန့်သတ်ချက်များနှင့် မဲဆန္ဒရှင်များ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများနှင့် အရပ်ဘက် အဖွဲ့အစည်းများကို ခြိမ်းခြောက်ခြင်းများ အတွက် အမေရိကန်နိုင်ငံမှ ဆီယာရာနိုင်ငံအစိုးရအား အရေးယူ ဆောင်ရွက်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Blinken က ထပ်လောင်း ပြောကြားခဲ့ပါတယ်။