“ထိုင်ဝမ်အား တရုတ်ကျုးကျော်စစ်များမှ ကာကွယ်နိုင်ရန် အမေရိကန်စစ်တပ်က ဖိလစ်ပိုင် Batanes ကျွန်းများပေါ်တွင် ဆိပ်ကမ်းတည် ဆောက်နိုင်ရန် ဖိလစ်ပိုင် အစိုးရအား တောင်း ဆိုထား”

စက်တင်ဘာ ၁

ဖိလစ်ပိုင်နိုင်ငံ၏ မြောက်ဖျားရှိ ကျွန်းများတွင် အရပ်ဘက်ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် အမေရိကန်စစ်တပ်က ဆွေးနွေး နေပြီ ဖြစ်ကြောင်း ဖိလစ်ပိုင် ဒေသခံ အုပ်ချုပ်ရေးမှူးနှင့် အခြားအရာရှိနှစ်ဦးက ပြောဆိုခဲ့တာဖြစ်ပါတယ်။

ထိုင်ဝမ်နိုင်ငံ အနီးရှိ ဗျူဟာမြောက်တည်ရှိသော ကျွန်းများဆီသို့ အမေရိကန်ဝင်ရောက်ခွင့်ကို မြှင့်တင်ပေးမည့် လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း လည်း သတင်းဌာနများ ပြီးခဲ့သည့် သြဂုတ်လ ၃၁ရက်နေ့က ဖော်ပြပြော ဆိုထားကြပါတယ်။

ထိုင်ဝမ်နှင့် ထိစပ်နေသော ဖိလစ်ပိုင် ကျွန်းများပေါ်တွင် ဆိပ်ကမ်း တည်ဆောက်ဖို့ အမေရိကန်စစ်တပ်က ဆွေးနွေးနေတာဖြစ်ပြီး ထိုင်ဝမ်နိုင်ငံ မှ ကီလိုမီတာ ၂၀၀ ကျော်တွင် ရှိသော Batanes ကျွန်းများတွင် ဆိပ်ကမ်းတွင် ဆိပ်ကမ်းတည်ဆောက်နိုင်ရန် အမေရိကန်စစ်တပ်က ပါဝင်ပတ်သက်မှုသည် တရုတ်နှင့် သဘောထားကွဲလွဲမှု ကြီးထွား လာချိန်တွင် တင်းမာမှုများ ပိုမိုဆိုးရွားစွာ ဖြစ်ပေါ်လာနိုင်ပါတယ်။

ထိုကျွန်းစုများနှင့် ထိုင်ဝမ်ကြားရှိ Bashiတို့ သည် အနောက်ပစိဖိတ်သမုဒ္ဒရာနှင့် အပြိုင်တောင်တရုတ်ပင်လယ်ကြား တွင် သင်္ဘောများ သွားလာရန် လမ်းကြောင်းနှင့် ထိုင်ဝမ်ကို တရုတ်နိုင်ငံ၏ ကျူးကျော်မှုကိစ္စတွင် အဓိကကျသော ရေလမ်းတစ်ခုလို့လည်း ယူဆရ ကြောင်း သတင်းဌာနများက ဖော်ပြပြောဆို နေကြပါတယ်။