စဉ့်ကူးမြို့နယ်၊ရွာသာယာကျေးရွာတွင် အကြမ်း ဖက် PDF အဖွဲ့မှ Drone ဖြင့် Drop Bomb ချတိုက်ခိုက်ခဲ့ခြင်းကြောင့် သက်ကြီးရွယ်အိုများအပြင် အပြစ်မဲ့ကျေးရွာသူ/သားများ ထိခိုက်ဒဏ်ရာများ ရရှိ

စက်တင်ဘာ ၁

        ယနေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ် အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ဟင်္သာမကျေးရွာအုပ်စု၊ရွာသာယာကျေးရွာသို့  လူသတ်အကြမ်းဖက် PDF များက ရွာသာယာကျေးရွာ၏ အနောက်ဘက် ၅မိုင်ခန့်အကွာ၊စစ်ကိုင်းတိုင်းဒေသကြီး၊ဝက်လက်မြို့နယ်၊ရေလည်မှော်ကျေးရွာဘက်မှ Drone ၂စီးဖြင့် Drop Bomb ၃ လုံးကို မီတာ ၈၀၀ ခန့်အမြင့်မှ ပစ်ချတိုက်ခိုက်ခဲ့ရာ ဗုံးများမှာ ကျေးရွာတောင်ဘက်ရှိ နွားတင်းကုပ်နေရာသို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

        အဆိုပါ ဗုံးပေါက်ကွဲမှု့ကြောင့် ဦးကျော်နိူင်၊၄၂နှစ်၊(ဘ)ဦးစန်းမောင်တွင် ဦးခေါင်းယာဘက် ချိုစောင်း၊ယာနားရွက်၊ယာမေးစေ့၊ယာလက်ဖျံ၊ယာချိုင်းအောက်၊ဝဲပေါင်၊ဝဲခြေသလုံးတို့တွင် ဗုံးစထိမှန်၊ယာဖနောင့်စုတ်ပြဲဒဏ်ရာ(စိုးရိမ်ရ)၊ မောင်ဇွဲလင်းကျော်၊၂၀နှစ်၊(ဘ)ဦးကျော်နိူင်တွင် ယာခါးဆစ်၊နောက်ကျော၊တင်ပါးဆုံ၊ယာခြေသလုံး၊ဝဲ/ယာပေါင်၊ယာချိုစောင်းတို့၌ ဗုံးစထိမှန်ပေါက်ပြဲဒဏ်ရာ(စိုးရိမ်ရ)၊ ဒေါ်သီသီခိုင်၊၅၀နှစ်၊(ဘ)ဦးသိန်းလွင်တွင် နောက်စေ့၊ဝဲပါး၊ဝဲနားရွက် ဗုံးစထိမှန်ဒဏ်ရာ၊ဝဲတင်ပါးဆုံနှင့်နောက်ကျောစုတ်ပြဲ(စိုးရိမ်ရ)၊ ဒေါ်ထွေးကြည်၊၉၀နှစ်၊(ဘ)ဦးအောင်တွင် နောက်ကျော ဗုံးစထိမှန်၊ဝဲလက်ဖျံပေါက်ပြဲ၊ဝဲလက်ခလယ်နှင့်လက်သူကြွယ်ကျိုး(မစိုးရိမ်ရ)၊ ဒေါ်တင်တင်ခိုင်၊၄၇နှစ်၊(ဘ)ဦးသိန်း၊လယ်/ပြ၊အထကခွဲ၊ဟင်္သါဖိုတွင် ယာလက် မောင်း၊ယာချိုင်းအောက်နှင့်ဝဲ/ယာခြေသလုံးပေါက်ပြဲ(မစိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း သိရသည်။

         ဖြစ်စဉ်ဖြစ်ပွားရာသို့ နယ်မြေခံလုံခြုံရေးအဖွဲ့မှ ရောက်ရှိလာပြီး ရန်သူ့နေရာသို့ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပြီး ထိခိုက်ဒဏ်ရာ ရရှိသူများအား စဉ့်ကူးမြို့၊ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသလျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN