“ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ လွတ်ငြိမ်းချမ်းသာခွင့်လျှောက်လွှာအား ထိုင်းဝန်ကြီးချုပ် အသစ် ဖြစ်သည့် Srettha ထံ ပေးပို့သွားမည်ဖြစ်ကြောင်း ၎င်း၏ ရှေ့နေဖြစ်သူက တရားဝင် ထုတ်ပြန်ကြေညာခဲ့”

သြဂုတ် ၃၁

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ ၏ နိုင်ငံရေး လွတ်ငြိမ်းချမ်းသာခွင့်အတွက် တရားဝင်လျှောက်လွှာတင်ခြင်း ရှိ၊ မရှိ နှင့် အတည်မပြုနိုင် သေးကြောင်း အပါအဝင် အဆိုပါ တရားဝင်လျှောက်လွှာကို ပယ်ချနိုင်ကြောင်း ရာထူးမှ နုတ်ထွက်ခဲ့သည့် ဒုတိယ၀န်ကြီးချုပ် Wissanu Krea-ngam က ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။

ထို့နောက် ဝန်ကြီးချုပ်ဟောင်း၏ လွတ်ငြိမ်းချမ်းသာခွင့် လျှောက်လွှာကို သူ့ဆီရောက်မလာသေးတာကိုသာ အတည်ပြုနိုင်ခဲ့တယ်လို့ ထိုင်းနိုင်ငံ အိမ်စောင့် တရားရေးဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်နေတဲ့ မစ္စတာ ဝစ္စနုက ပြောကြားထားပါသေးတယ်။

“သက်ဆင် ရဲ့ တော်ဝင် လွတ်ငြိမ်းချမ်းသာခွင့် လျှောက်လွှာ မရောက်သေးပါဘူး၊ တင်သွင်းပြီးလားဆိုတာတော့ မပြောနိုင် သေးပါဘူး”လို့ ၎င်းက ဆိုထား ပါတယ်။

ပြီးခဲ့သည့် သြဂုတ်လ ၃၀ရက် အင်္ဂါနေ့တွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ရှေ့နေ ဖြစ်သည့် Winyat Chartmontree က သက်ဆင်၏ လွတ်ငြိမ်းချမ်းသာခွင့်လျှောက်လွှာကို ပံ့ပိုးနိုင်ရန် လိုအပ်သည့်စာရွက်စာတမ်းများကို ပြင်ဆင်လျက်ရှိပြီး အမှုသုံးမှုဖြင့် ထောင်ဒဏ် ရှစ်နှစ်ကျခံနေရသော သက်ဆင်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ရရန် ပြင်ဆင်နေကြောင်း ပြီးခဲ့သည့် အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

သက်ဆင်၏ အမှုများမှာ Shin Corp ရှယ်ယာကိစ္စများ ၊ လောင်းကစား ဂဏန်းနှစ်လုံး၊ သုံးလုံးထီကိစ္စွများ နှင့် Exim Bankမှ ချေးငွေကိစ္စတို့ဖြစ်ကြပါတယ်။

ထိုင်းနိုင်ငံအတွင်း ပုံမှန်အားဖြင့် အဆိုပါ လွတ်ငြိမ်း ချမ်းသာခွင့် လျှောက်လွှာကို အကျဉ်းထောင်မှူးထံ အကျဥ်းသားကကိုယ်တိုင် တင်ပြရပြီး ပြုပြင်ရေးဌာနသို့ ပေးပို့ရမည် ကြောင်း မစ္စတာ ဝဿနုက ဆိုထားပါတယ်။

ယင်းနောက် လျှောက်ထားချက်ကို ဝန်ကြီးချုပ်ထံ တင်သွင်းရပြီး ဝန်ကြီးချုပ်ထံ လျှောက်ထားမည့် လျှောက်ထားချက်ကို တရားရေးဝန်ကြီးထံ ပေးပို့ရန် စဉ်းစားရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုထားပါတယ်။

သက်ဆင်၏ လွတ်ငြိမ်းချမ်းသာခွင့် လျှောက်လွှာကို ဘယ်သူတွေ ရနိုင်ဖွယ်ရှိလဲလို့ သတင်းဌာနများက မေးမြန်းရာမှာ ရာထူးက နုတ်ထွက်တော့မယ့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ ဒါမှမဟုတ် အသစ်ရွေးချယ်ခံရတဲ့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်Srettha Thavisin တို့ထံ ရောက်နိုင်ချေရှိလို့ မစ္စတာ ဝစ္စနုက ပြန်လည်ပြောကြားခဲ့​ပါတယ်။

ထို့နောက် တာဝန်မှုအနားယူလိုက်ပြီဖြစ်သည့် အိမ်စောင့် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ထံ သို့လည်းပေးပို့ထားပြီး ထိုင်းနိုင်ငံ အစိုးရအဖွဲ့သစ် တက်လာသည့်အချိန်တွင်လည်း သက်ဆင်၏ လွတ်ငြိမ်းချမ်း သာခွင့် လျှောက်လွှာကို ဝန်ကြီးချုပ်အသစ် မစ္စတာ Sretthaထံ ပေးပို့သွားမည် လည်းဖြစ်တယ်လို့ ၎င်းက သတင်းဌာနများကို ပြန်လည် ပြောကြားခဲ့ပါတယ်။