“လစ်ဗျားနိုင်ငံအစိုးရ က ၎င်းတို့နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးအား အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး နှင့် တွေ့ဆုံမှုများပြုလုပ်ခဲ့သည့် အတွက် ရာထူးမှ ထုတ်ပယ်မှုများပြုလုပ်ခဲ့”

သြဂုတ် ၃၀

လစ်ဗျားနိုင်ငံခြားရေးဝန်ကြီး နှင့် အစ္စရေး နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမှုများပြုလုပ် ပြီးနောက် လစ်ဗျားနိုင်ငံအစိုးရက ၎င်းတို့နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးကို ရာထူးကနေ ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

လစ်ဗျားနိုင်ငံခြားရေးဝန်ကြီး သည် အစ္စရေး နိုင်ငံခြားရေးဝန်ကြီး နှင့်အတူ ပြီးခဲ့သည့် သီတင်းပတ်က တွေ့ဆုံခဲ့ကြောင်း သတင်းများ ကဖော်ပြခဲ့ပြီး အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး အယ်လီကိုဟင်က လည်း ပြောကြားခဲ့ပြီးနောက် လစ်ဗျား ထရီပိုလီ အစိုးရ၏ ဝန်ကြီးချုပ် နာဂျလာမန်ဂို့ရှ်က ပြီးခဲ့သည့် သြဂုတ်လ ၂၈ရက် တနင်္ဂနွေနေ့တွင် ၎င်းတို့နိုင်ငံ၏ နိုင်ငံခြား ရေးဝန်ကြီးအား ရာထူးမှ ဆိုင်းငံ့ လိုက်တာ ဖြစ်ပါတယ်။

နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများသည် ဖြစ်နိုင်ခြေရှိသော နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်မှုများကို ဆွေးနွေးခဲ့ကြတယ်လို့ အစ္စရေးအစိုးရ ၏ ကြေညာချက်တွင် ဖော်ပြခဲ့ပြီး အစ္စရေးကို အသိအမှတ်မပြုသည့် လစ်ဗျားနိုင်ငံတွင်လည်း အဆိုပါကိစ္စရပ်နှင့် ပတ်သတ်ပြီး ဆန္ဒပြပွဲငယ်များစွာ ဖြစ်ပွား ခဲ့ရပါတယ်။

လစ်ဗျားနိုင်ငံခြားရေးဌာန၏ ဝန်ကြီး Mangoush က အစ္စရေး ကိုယ်စားလှယ် များနှင့် တွေ့ဆုံမှုကို ပယ်ချငြင်းပယ်ခဲ့ပြီး ဖြစ်ပျက်ခဲ့သည့်အရာမှာ အီတလီ နိုင်ငံခြားရေးဌာနနှင့် တွေ့ဆုံစဉ် ကြိုတင် ပြင်ဆင်ထားခြင်းမရှိသော ရှောင်တခင် တွေ့ဆုံမှုသာဖြစ်ကြောင်း ငြင်းဆို ပြောကြားခဲ့ပါတယ်။

လစ်ဗျားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အပြန်အလှန် တုံ့ပြန်မှုတွင် “ဆွေးနွေးမှုများ၊ သဘောတူညီချက်များ သို့မဟုတ် ညှိနှိုင်းမှုများ” မပါဝင်ကြောင်းနှင့် အစ္စရေးနှင့် လစ်ဗျားနိုင်ငံခြားရေး ဝန်ကြီးဌာနသည် “ပုံမှန်ပြန်ဖြစ်ရေး လုံးဝ လုံးဝ ငြင်းပယ်ခြင်း” ကို ထပ်မံအတည်ပြုကြောင်း တရားဝင်ထုတ်ပြန်​ ပြောကြားခဲ့ပါတယ်။