မြဝတီခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့နှင့် နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့တို့ကသတင်းအရ တရားမဝင်လိုင်စင်မဲ့မော်တော်ယာဉ်များ စစ်ဆေးဖမ်းဆီး

သြဂုတ် ၃၀

      ယနေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် ကရင် ပြည်နယ်၊ မြဝတီခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင်နှင့် နယ်မြေခံ လုံခြုံရေးပူးပေါင်းအဖွဲ့တို့သည် သက် သေများနှင့်အတူ မြဝတီမြို့တွင်းသို့ တစ်ဖက်ထိုင်းနိုင်ငံမှ တရားမဝင်လိုင်စင်မဲ့မော်တော်ယာဉ်များ ဝင်ရောက်နေကြောင်း သတင်းအရ လိုက်လံစစ်ဆေးရာ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ သစ္စာလမ်းနှင့် မေတ္တာ(၃)လမ်းဘေးတွင် ရပ်ထားသည့် KYN-7 / 5F-4553 နံပါတ်ပါ Nissan X-Trail အမျိုးအစား အဖြူရောင်မော်တော်ယာဉ်(၁)စီးအား ပိုင်ရှင်မဲ့တွေ့ရှိခဲ့ရကြောင်း သိရသည်။

         ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် ညနေ ၅ နာရီ  ၁၅ မိနစ်အချိန်ခန့်တွင် မြဝတီမြို့၊ အမှတ် (၄)ရပ်ကွက်၊ မြန်မာနန်း(၂)လမ်း၊ One Star Service ဝပ်ရှော့အနီး လမ်းဘေးတွင် ရပ်ထားသည့် KYN-7 / 5F-4540 နံပါတ်ပါ Honda Fit အမျိုးအစား ဇီးရောင်မော်တော်ယာဉ် ၁ စီး၊ KYN / 6K-3629  နံပါတ်ပါ Nissan March အမျိုးအစား အပြာရောင်မော်တော်ယာဉ် ၁ စီးတို့ကို ပိုင်ရှင်မဲ့ ထပ်မံတွေ့ရှိခဲ့သည်။

      အထက်ပါ ပိုင်ရှင်မဲ့သိမ်းဆည်းရမိသည့် မော် တော်ယာဉ် ၃ စီးကို သက်ဆိုင်ရာသို့ ဥပဒေနှင့်အညီ အပ်နှံနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN