မော်လိုက်မြို့နယ် ထော်သာရွာ အနီး လယ်‌တောတဲရှိ လယ်ယာလုပ်ငန်းလုပ်ကိုင်သူ တောင်သူ ၄ ဦးကို အကြမ်းဖက်PDFအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်

ဩဂုတ်လ ၃၀

ဩဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ၊ မော်လိုက်မြို့နယ် ထော်သာရွာအနီး လယ်တဲတွင် လယ်ယာလုပ်ကိုင်နေသူ ၄ ဦးကို လူသတ်အကြမ်းဖက် PDFအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရပါသည်။

လယ်စောင့်တဲ့ ၁ လုံတွင် လယ်ယာလုပ်ငန်းလုပ်ကိုင်နေသော ကိုမြင့်ထူး(၃၄)နှစ်​ ၊ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်မိထူး(၃၁)နှစ် ၊ အတူနေထိုင်သူ ဒေါ်ရွှေနု(၄၅)နှစ် ၊ ဒေါ်အဲကောက်(၄၂)နှစ်တို့ ၄ ဦးကိုလူသတ်အကြမ်းဖက် PDFအဖွဲ့များက ဒလန်တွေဟုဆိုကာ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါသည်။

PDF လူသတ်အကြမ်းဖက်အဖွဲ့များအနေဖြင့် အပြစ်မဲ့ပြည်သူများအား မဟုတ်မမှန် ဒလန် ဟုခေါင်းစဥ်တတ်ပြီး ဖမ်းဆီးခေါ်ဆောင်ကာ ငွေကြေးအမြောက်အများတောင်းယူခြင်း သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

PAN