မလှိုင်မြို့နယ် လျှပ်စစ်ရုံးဝင်းအတွင်းရှိ လျှပ်စစ်မီတာခ ကောက်ခံသည့် ကောင်တာခန်းအား အကြမ်းဖက် PDF များဝင်ရောက် ပစ်ခတ်ခဲ့သဖြင့် ဝန်ထမ်းတစ်ဦး ဒဏ်ရာရ

သြဂုတ် ၂၉

ယမန်နေ့ မွန်းလွဲ ၃ နာရီ အချိန်ခန့်တွင် မလှိုင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့နယ်လျှပ်စစ်ရုံးဝင်းအတွင်းရှိ ရှေ့အဝင်တံခါးဘေးတွင် လျှပ်စစ်မီတာခ ကောက်ခံသည့် ကောင်တာခန်းအား အကြမ်းဖက် PDF များမှဝင်ရောက်ပစ်ခတ်ခဲ့သည့်အတွက် လျှပ်စစ်ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

PDF အကြမ်းဖက်သောင်းကျန်းသူတွေဟာ လျှပ်စစ်ရုံးကိုဝင်ရောက်ပြီး သေနတ် (၃)ချက်ခန့် ပစ်ခတ်ကာ ထွက်ပြေးသွားကြောင်းသိရသည်။

ဖြစ်စဥ်မှာ လျှပ်စစ်မီတာခကောက်ခံသည့် ကောင်တာခန်းတွင် ကောင်းထက်ဟိန်း၊ ၁၉ နှစ်၊ (ဘ)ဦးခင်မောင်စိုး၊မီတာစာရေး၊ မြို့ဦးကွက်သစ်ရပ်၊ မလှိုင်မြို့နေသူနှင့် မောင်ထက်လင်းအောင်၊၁၉ နှစ်၊ (ဘ)ဦးမောင်ဦး၊ နယ်မြေ(၃)၊ အမှတ်(၃)ရပ်ကွက်၊ မလှိုင်မြို့နေသူတို့ လျှပ်စစ်မီတာခငွေ ကောက်ခံနေစဉ် ဆိုင်ကယ်အမျိုးအစား(စိစစ်ဆဲ) (၁)စီးဖြင့်၊ အသက် ၃၀ နှစ်ခန့်၊ အရပ် (၅’ ပေ၊ ၆” လက်မ)ခန့်၊ အသားညို၊ အမည်မသိ အမျိုးသား(၁)ဦး ရောက်ရှိလာပြီး “မလှိုင်မြို့နယ်၊ ထနောင်းကိုင်းကျေးရွာအား မည့်သည့်အတွက်ကြောင့် မီးဖြတ်တာလဲ”ဟု မေးမြန်းကာ သေနတ်ဖြင့် (၃)ချက်ခန့် ပစ်ခတ်ခဲ့ပြီး မြို့နယ် လျှပ်စစ်ရုံးရှေ့လမ်းကြားအတိုင်း အနောက်ဘက်သို့ မောင်းနင်ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။

ယင်းပစ်ခတ်မှုကြောင့် မောင်ကောင်းထက်ဟိန်း၏ ဝဲဘက်လက်မောင်း ပခုံးအစပ် ကျည်ဖောက်ဝင်ဒဏ်ရာ (၁)ချက် (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူ မောင်ကောင်းထက်ဟိန်းအား မလှိုင်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်​ဆေးကုသပေးလျက်ရှိကြောင်း သတင်းရရှိသည်။

#PAN