ဘီးလင်းမြို့နယ်၊ ဝင်းပြန်ကျေးရွာအနီး ရန်ကုန်- မော်လမြိုင်ကားလမ်းမတွင် အကြမ်းဖက်သောင်း ကျန်းသူ KNUနှင့် PDF ပူးပေါင်းအဖွဲ့က တပ်မ တော်ယာဉ်တန်းကို ချောင်းမြောင်းပစ်ခတ်တိုက် ခိုက်၊ ၎င်းအနီးဖြတ်သန်းသွားသော လူနာတင်ယာဥ် တစ်စီးထိမှန်၊ အပြစ်မဲ့ပြည်သူတစ်ဦးဒဏ်ရာရ

သြဂုတ် ၂၉

       ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် မွန် ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်းမြို့၏ အနောက်တောင်ဘက် (၆)မိုင်ခန့်အကွာ၊ ဝင်းပြန်ကျေးရွာအုပ်စု၊ ဝင်းပြန်ကျေးရွာအနီး ရန်ကုန်- မော်လမြိုင်ကားလမ်းမ (မိုင်တိုင်အမှတ် ၁၂၂/၃ နှင့် ၁၂၂/၄) အကြားတွင် ကျိုက်ထို ဘက်မှဘီးလင်းဘက်သို့မောင်းနှင်လာသည့် တပ်မတော်ယာဉ်တန်း ၉ စီးကို အကြမ်းဖက်သောင်းကျန်းသူ KNUနှင့် PDF ပူးပေါင်းအဖွဲ့ (စိစစ်ဆဲ)က ၄၀မမဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်မတော်ယာဉ် နှစ်စီးကို ထိမှန်ခဲ့ကြောင်း သိရပါသည်။

      ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် တပ်မတော်
ယာဉ် တစ်စီးတွင် ဝဲဘက်ရှေ့ဘီး တာယာပေါက် ထွက်သွားပြီး  ယာဉ်ပေါ်တွင် လိုက်ပါလာသည့်  စစ်သည် တစ်ဦးတွင် ယာလက်မောင်း၊ ယာတံ တောင်ဆစ်၊ ယာပေါင်တို့တွင် လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)နှင့် ဒုတိယယာဉ်တစ်စီးတွင် ယာဘက် နောက်ဘီး တာယာပေါက်ထွက်သွားပြီး ယာဉ်ပေါ်တွင်လိုက်ပါလာသည့်  ကျော်မင်းတွင် ဝဲနားထင် လက်နက်ငယ်ကျည် ဖောက်ဝင် ထိမှန်ဒဏ်ရာ(စိုးရိမ်ရ)တို့ရရှိခဲ့ကြောင်း၊ အဆိုပါယာဉ်တန်းများကို ဘီးလင်းတပ်နယ်ရှိ တပ်ရင်းဌာနချုပ် တစ်ခုအတွင်းသို့ ဝင်ရောက် အခြေပြုရပ်နားကာ ဒဏ်ရာရရှိသည့် စစ်သည် ၂ ဦးကို တပ်တွင်းဆေးခန်းတွင် ဆေးကုသ မှုခံယူလျှက်ရှိကြောင်း သိရပါသည်။


      ထိုသို့ အကြမ်းဖက်သောင်းကျန်းသူ KNUနှင့် PDF ပူးပေါင်းအဖွဲ့က တပ်မတော်ယာဉ်တန်းကို စောင်ကြိုပစ်ခတ်တိုက်ခိုက်စဥ် ကျိုက်ထိုမြို့မှ မော်လမြိုင်မြို့သို့ သွားရောက်ရန် အဆိုပါဖြစ်စဥ်နေရာ၌ ဖြတ်သန်းသွားသော တောင်တန်းမေတ္တာ လူမှုကူညီရေးအသင်းပိုင် မော်တော်ယာဉ်အမှတ် MON 7C-8959 Super Custom မော်တော်ယာဥ်ကို လက်နက်ငယ်ကျည် ထိမှန်ခဲ့ကြောင်း၊ ထိုသို လက်နက်ငယ်ကျည် ထိမှန်မှုကြောင့် ဒေါ်ရွှေစင် ၊၄၅ နှစ်၊ (ဘ) ဦးထွန်းအောင်၊ ဗမာ/ဗုဒ္ဓ၊ ကျိုက်ထိုမြို့နေသူတွင် ဝဲဘက်ပေါင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာခြေသလုံး ဖောက်ဝင်ဒဏ် ရာ ၁ ချက် (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း၊ ၎င်း ယာဥ်မှာ ကျိုက်ထိုမြို့မှ မော်လမြိုင်မြို့သို့ ဆေးကူသရန်သွားရောက်စဥ် ယခုလို ထိမှန်ခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိပါသည်။