နွားထိုးကြီးမြို့နယ်၊မုဌောကျေးရွာတွင် NLD ပါတီထောက်ခံသူ အမာခံ သာမန်ပြည်သူတစ်ဦးကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

သြဂုတ် ၂၉

       မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ကြောင်နံကျေးရွာအုပ်စု၊ မုဌောကျေးရွာတွင် သာမန်ပြည်သူ မထိုက်ထိုက်ငြိမ်း၊၄၄နှစ်၊(ဘ)ဦးအုန်းရွှေ၊တောင်သူ၊ကြောင်နံကျေးရွာအုပ်စု၊မင်းရွာကျေးရွာ၊နွားထိုးကြီးမြို့နယ်နေသူကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF ၃ ဦးက ယနေ့ ညနေပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရပါသည်။

        ထိုသို့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် မထိုက် ထိုက်ငြိမ်း နဖူးဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ဝဲဘက် လက်ဖမိုး ဖောက်ဝင်/ဖောက်ထွက်ဒဏ်ရာ ၂ ချက်၊ ဦးခေါင်းနောက်စေ့ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဝဲ-နားနောက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်းနှင့် အခင်းဖြစ်နေရာအနီးမှ THAI ARMS ကျည်ခွံ ၁ ခု၊LUGAR ကျည်ခွံ ၁ ခု တွေ့ရှိခဲ့ကြောင်း သိရသည်။

       ဖြစ်စဥ်မှာ သေဆုံးသူ မထိုက်ထိုက်ငြိမ်း မုဌောကျေးရွာရှိ ရွှေမုဌောစေတီ ဘုန်းတော်ကြီးကျောင်းတွင် တည်းခိုနေထိုင်စဥ် ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် အမည်မသိ အကြမ်းသမား ၆ ဦး၊ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး မထိုက်ထိုက်ငြိမ်းအား ဘုန်းကြီး ကျောင်းအပြင်ဘက် ရွာလယ်လမ်းမသို့ ခေါ်ဆောင်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ် ကြောင်း ၎င်း၏ ဦးလေးတော်စပ်သူ ဦးကြီးညို၊၆၈နှစ်၊(ဘ)ဦးအောင်ကြင်၊မင်းရွာကျေးရွာနေသူမှ ပြောပြချက်အရ သိရပါသည်။

       သေဆုံးသူ မထိုက်ထိုက်ငြိမ်းသည် NLD ပါတီထောက်ခံသူ အမာခံတစ်ဦးဖြစ်ကြောင်း၊ ယခုလို သတ် ဖြတ်ရသည့်အကြောင်းအရင်းကိုမူ မသိရှိရသေးကြောင်း၊ အချင်းချင်း သဘောကွဲလွဲမှုများကြောင့် ယခုလို သတ်ဖြတ်ခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံများ၏ ပြောကြားမှုအရ သိရပါသည်။

#PAN