ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အစိုးရရုံးများအား ယမန်နေ့ညက အကြမ်းဖက်လူသတ် KNLA/PDF အဖွဲ့မှ Drone Boomb များဖြင့် ပစ်ခတ်တိုက်ခိုက်

သြဂုတ် ၂၉

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အစိုးရရုံးများအား ယမန်နေ့ ည ၁၀ နာရီခန့်မှ ၁၁ နာရီအချိန်အထိ အကြမ်းဖက်လူသတ် KNLA/PDF အဖွဲ့မှ Drone Boomb များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်းသိရှိရပါသည်။

ဖြစ်စဉ်မှာ အကြမ်းဖက်လူသတ်အဖွဲ့ ၅ ဖွဲ့မှ Drone Boomb ဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ အမှတ် ၅ ရပ်ကွက်ရှိ သမဝါယမ ဌာနရုံးအဝင်တွင် ၂ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး မြေပြင်သို့ ၂ လုံးကျရောက်ခဲ့သော်လည်း လူနှင့် ရုံးအဆောက်အဦ ထိခိုက်ပျက်စီးမှု့ မရှိကြောင်းသတင်းရရှိပါသည်။

ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်ပြီး အစိုးရရုံးများ အစိုးရဝန်ထမ်းများကို ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်နေခြင်းသည် တပ်မတော်အစိုးရကို ထိခိုက်ခြင်းထက် တိုင်းပြည်၏အနာဂါတ်ကို ဖျက်ဆီးနေခြင်းဖြစ်ရာ အလုံးစုံပျက်သုဥ်းခြင်းသို ဦးတည်ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

#PAN