မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်ပိကျေးရွာအုပ်စု၊ ရွှေတချောင်းကျေးရွာရှိ စိန်မြင့်မိုဆန်စက်ဝင်းအတွင်း မီးလောင်ကျွမ်းမှုဖြစ်ပွား

ဩဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး ၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်ပိကျေးရွာအုပ်စု၊ ရွှေတချောင်းကျေးရွာတွင်ရှိသည့် စိန်မြင့်မိုဆန်စက်အတွင်းမှ အလုပ်သမားနေအိမ်အချို့နှင့် ဆန်၊ စပါးသိုလှောင်ရုံ(ဂိုဒေါင်)တို့ ယမန်နေ့ ည ၂ နာရီ ၁၀ မိနစ်အချိန်ခန့်က မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရပါသည်။

            ထိုမီးလောင်ကျွမ်းခဲ့မှုကြောင့် ခန့်မှန်းဆုံးရှုံးမှုတန်ဘိုး ၄၀၉၀၀၀၀/-ကျပ် (သိန်းလေးဆယ်ကိုးသောင်းကျပ်)ခန့်ဆုံးရှုံးခဲ့ပြီး လူ နှင့် တိရိစ္ဆာန်တို့ သေဆုံးမှုမရှိကြောင်း သိရှိရသည်။

 ၎င်းဆန်စက်အတွင်းမီးလောင်မှုမှာ ယခု မီးလောင်မှုအပါအဝင် ၄ ကြိမ် ရှိပြီဖြစ်ကာ မီးလောင်မှုဖြစ်တိုင်းသည် ယခုကဲ့သို့ ဆန်၊ စပါး လှောင်သည့် အချိန်များတွင်သာ ဖြစ်တတ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရပါသည်။

#PAN