မိုးမိတ်မြို့နယ် ၊ ကျောက်တောင်ကျေးရွာမှ အပြစ်မဲ့ပြည်သူ တစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရ

သြဂုတ် ၂၈

ဩဂုတ်လ ၂၈ ရက် ယနေ့ မွန်းလွဲပိုင် ၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မိုးမိတ်မြို့နှင့် ၇ မိုင်ခန့်အကွာ မဘိမ်းကားလမ်းပေါ်ရှိ ကျောက်တောင်ကျေးရွာတွင်နေထိုင်သော အပြစ်မဲ့ပြည်သူတစ်ဦးအား လူသတ်အကြမ်းဖက် ၂ ဦးမှ ဆိုင်ကယ်ဖြင့်လာရောက် ပစ်ခတ်သတ်​ဖြတ် သွားကြောင်း သိရှိရသည်။

ပစ်ခတ် သတ်ဖြတ်ခံရသည့် ဦးခင်မောင်မြင့်သည်စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်ကြောင်းသိရပြီး မိုးမိတ်မြို့နယ်အတွင်းတွင် အကြမ်းဖက်အဖွဲ့၏ ပထမဆုံး သတ်ဖြတ်ခံရသူဖြစ်ကြောင်းသိရှိရသည်။

လက်နက်ကိုင်လူသတ်အကြမ်းဖက်အဖွဲ့များသည် တရားဥပဒေစိုးမိုးမှု အားနည်းချက်အပေါ် အခွင့်ကောင်းယူပြီး အပြစ်မဲ့ပြည်သူများအပေါ် လုပ်ကြံသတ်ဖြတ်နေကြောင်း ဒေသခံ​ပြည်သူများ၏ ပြောဆိုချက်အရသိရှိရသည်။

#PAN